Polish Pathways Series 1

27 April 2024

မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် – Myanmar Women Entrepreneurs Network (MYANWEN) ရှမ်းပြည်နယ်အသင်းခွဲ စတင်မိတ်ဆက်ခြင်းနှင့် အမျိုးသမီးဦးဆောင်သူများအတွက် MYANWEN ၏ Polish Pathways Series 1 – ယုံကြည်မှုပြည့်ဝသော အမျိုးသမီးတစ်ယောက် ခေါင်းစဉ်ဖြင့် ဆွေးနွေးမျှဝေခြင်းအခမ်းအနား

=============================

မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) ၏ ရှမ်းပြည်နယ်အသင်းခွဲ စတင် မိတ်ဆက်ခြင်းနှင့် အမျိုးသမီးဦးဆောင်သူများအတွက် MYANWEN ၏ Polish Pathways Series 1 – ယုံကြည်မှု ပြည့်ဝသောအမျိုးသမီးတစ်ယောက် ခေါင်းစဉ်ဖြင့် မျှဝေသင်ကြားခြင်းအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၇) ရက် စနေနေ့၊ Taunggyi Hotel (Main Ballroom), တောင်ကြီးမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် – Myanmar Women Entrepreneurs Network (MYANWEN) ၏ ဥက္ကဋ္ဌ ဒေါက်တာစုလှဟန်မှ အဖွင့်အမှာစကား ပြောကြား၍ MYANWEN အသင်း၏ ဆောင်ရွက်ချက်များနှင့် MYANWEN ရှမ်းပြည်နယ်အသင်းခွဲအသစ်ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်နှင့်ရှေ့လုပ်ငန်းစဉ်များအားပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) ရှမ်းပြည်နယ် အသင်းခွဲ၏ ဥက္ကဋ္ဌ ဒေါ်ရတနာဇော်မှ နှုတ်ခွန်းဆက်စကားပြောကြားကာ ရှမ်းပြည်နယ် အသင်းခွဲ၏ အလုပ်အမှုဆောင်များနှင့် မိတ်ဆက်ခဲ့ပြီး၊ ရှမ်းပြည်နယ်တောင်ပိုင်း ပြောင်းလုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌ ဒေါက်တာကြည်လွင်မှ မုဒိတာစကား ပြောကြား၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၏ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင် ခိုင်နွယ်မှ ဝမ်းမြောက်စကားပြောကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာကြသူများနှင့် အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ပြီး၊ MYANWEN ရှမ်းပြည်နယ်အသင်းခွဲ၏ ဥက္ကဋ္ဌ ဒေါ်ရတနာဇော်မှ စီးပွားရေးဆိုင်ရာ ကျင့်ဝတ်အလေ့အထများ၊ နိုင်ငံတ ကာအသိုင်းအဝိုင်းတွင် နေထိုင်စားသောက်မှု အလေ့အကျင့်များနှင့် ပတ်သက်၍ ယုံကြည်မှု ပြည့်ဝသော အမျိုးသမီးတစ်ယောက် ခေါင်းစဉ်ဖြင့် မျှဝေ‌ဆွေးနွေးခဲ့ပြီး၊ MYANWEN ၏ ဥက္ကဋ္ဌ ဒေါက်တာ စုလှဟန်မှ အမျိုးသမီးဦးဆောင်သူများအား Communication Skills နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီးနောက် MYANWEN ၏ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာ အေးအေးမာမှ ကျေးဇူး တင်စကားပြောကြားကာ အခမ်းအနားအား အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။

ယခု အခမ်းအနားတွင်လည်း အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းရှင်များ၏ ဒေသအသီးသီးမှ ပြည်တွင်းထုတ်ကုန် ပစ္စည်းများကို ခင်းကျင်းပြသရောင်းချခဲ့ရာ တက်ရောက်လာကြသည့် လူကြီးမင်း များနှင့် ဧည့်သည်တော်များမှ ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပါသည်။

#myanwen

Related Articles

27 April 2024

Polish Pathways Series...

မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် – Myanmar Women...

ဆက်ဖတ်ရန်

Happy Myanmar New...

မြန်မာ့နှစ်သစ်ကူးအခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်...

ဆက်ဖတ်ရန်
09 April 2024

MYANWEN MSME Spotlight

Thiri Aung Mudra Myay Co.,Ltd...

ဆက်ဖတ်ရန်