အသင်းဝင်များ၏ အကျိုးခံစားခွင့်များ

OnDoctor App

OnDoctor Application

OnDoctor App တွင် အသုံးပြုနိုင်သော လုပ်ဆောင်ချက်များ

ဤ Feature တွင် OnDoctor ပြင်ပလူနာဌာနမှ ပင်တိုင်ဆရာဝန်များနှင့် နံနက် ၆ နာရီ မှ ည ၁၂ နာရီအတွင်း မေးမြန်းဆွေးနွေးနိုင်ပါသည်။

ဤ Feature တွင် OnDoctor App နှင့် ချိတ်ဆက်ထားသော နယ်ပယ်အသီးသီးမှ အထူးကုဆရာဝန်များနှင့် ဆရာဝန်များ သတ်မှတ်ထားသော အချိန်ဇယားအတွင်း အကန့်အသတ်မရှိ ဆွေးနွေးမေးမြန်းနိုင်ပါသည်။ အထွေထွေအထူးကု၊သားဖွားမီးယပ်အထူးကု၊ အာဟာရဆိုင်ရာအထူးကု၊ အရေပြားအထူးကု၊ အရိုးအကြောအထူးကု၊ ကလေးအထူးကု၊ မိသားစုဆိုင်ရာဆရာဝန် စသည်ဖြင့် မိမိပြသလိုသည့် မည်သည့်နယ်ပယ်မှ ဆရာဝန်မဆို ရွေးချယ်ပြသနိုင်ပါသည်။

ဤ Feature တွင် အဖြစ်များသော ရောဂါလက္ခဏာများ၊ အသုံးများသောဆေးဝါးများ၊ ဆေးဖက်ဝင်အသီးအရွက်များ၊ ဆေးပညာအဘိဓာန် တို့ကိုလေ့လာနိုင်ပါသည်။မကြာမီတွင် ဆရာဝန်များနှင့် တိုက်ရိုက် Video Call ဖြင့် ဆွေးနွေးတိုင်ပင်နိုင်ခြင်း၊ မိမိဆွေးနွေးခဲ့သော မှတ်တမ်းများအား သိမ်းဆည်းထားပြီး ပြန်လည်ကြည့်ရှုနိုင်ခြင်းစသည့် Features အသစ်များပါ ရရှိနိုင်မည် ဖြစ်ပါသည်။

ဤ Feature တွင် OnDoctor App Page မှ ကဏ္ဍအလိုက် နေ့စဉ်တင်ဆက်လျက်ရှိသော ကျန်းမာရေးဆိုင်ရာဆောင်းပါးများကိုအလွယ်တကူဖတ်ရှုနိုင်ပါသည်။ ထို့အပြင် နားလည်ရလွယ်ကူ၍ လှပစွဲဆောင်မှုရှိသော Graphic Design များဖြင့် ရှင်းလင်းတင်ဆက်ထားသော Infographics များကိုလည်း Photo Tips ကဏ္ဍတွင် လေ့လာနိုင်ပါသည်။

Download OnDoctor Google Play Store