International Women’s Day 2023

8 Mar 2023

ယနေ့ March 8 ရက်နေ့တွင်ကျရောက်သည့် International Women’s Day 2023 ကိုဂုဏ်ပြုသောအားဖြင့် မြန်မာစီးပွား ရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) နှင့် International Affiliate Organization ဖြစ်တဲ့ Business and Professional Women Federation Myanmar (BPW Myanmar) နှင့်အတူ MBE (Myanmar Business Executives )၊ Chatrium Hotel Royal Lake Yangon တို့ပူးပေါင်းပြီး City Mart Holding Co.,Ltd, Dai-ichi Life နှင့် AYA Bank တို့မှလည်း ပါဝင်ပံ့ပိုးပေးသည့် “On Her Journey” Panel Discussion နှင့် Dialogue အစီစဉ်ကို Chatrium Hotel တွင်စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ပါသည်။
ဒီအစီအစဥ်တွင် Chatrium Hotel Royal Lake Yangon ၏ General Manager ဒေါ်မေမြတ်မွန်ဝင်း၊ မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက်(MYANWEN) Vice-President နှင့် Business and Professional Women Federation Myanmar President ဒေါက်တာစုလှဟန်နှင့် Myanmar Business Executives Association President ဦးမင်းဦးတို့မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး AYA Bank ၏ CEO ဦးမြင့်ဇော် မှ အမှာစကားပြောကြားခဲ့ပါသည်။
ထို့အစီအစဥ်တွင် MYANWEN နှင့် BPW Myanmar မှ “My MSME Journey” ခေါင်းစဉ်ဖြင့်ပြုလုပ်မည့် Panel Discussion တွင် Moderator အဖြစ် မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက်(MYANWEN) Vice-President နှင့် BPW Matrix Myanmar ၏ President ဒေါ်နှင်းဝေမှ ဆောင်ရွက်ပေးပြီးလူငယ်စွန့်ဦးတီထွင်MSME လုပ်ငန်းရှင်များဖြစ်သည့် မအိပိုးဖြူ – Director, Shwe Zee Kwet Manufacturing and International Export Company Limited. မသီရိအောင် – CEO & Founder , Women Transforming Myanmar Ahlu Ama Value-added Agricultural product Mickey’s Real Wood Upcycled Furniture, ကိုအောင်ပိုင် – Founder and CEO, MyanAnts Company နှင့် မနွဲ့ဒါလီဇော် – Founder and CEO, Citrus Myanmar Co.Ltd တို့မှ အတွေ့အကြုံများကို ဆွေးနွေးမျှဝေပေးခဲ့ပါသည်။ ထို့အပြင် Business Executives Association မှ “Embrace Equity” ခေါင်းစဉ်ဖြင့်ပြုလုပ်မည့် Panel Discussion တွင် Moderator အဖြစ် U Aung Aung – Managing Director: Ahtar Oo Co., Ltd., Director: MCB, MTI, MPSS Executive Committee member: Myanmar Professional Computer Association, Visiting Lecturer: National Management Degree College မှ ဆောင်ရွက်ပေးပြီး Caroline Yin Yin Htay – Group CFO, Apollo and PanAsia Towers ၊ U Win Myo Chit – Chief Executive Officer – Greater Man Group Of Companies , Founder & Chairman – JJ Express ၊ Daw Khin Khin Thein – Merchandising Manager, City Mart Holdings Ltd. ၊ Daw Khin La Pyae Wom – Business Partner, Dai-Ichi Life Insurance Myanmar နှင့် Daw May Thu Kyaw – Senior Strategic Planner, Mango Advertising တို့မှ အတွေ့အကြုံများကို ဆွေးနွေးမျှဝေပေးခဲ့ ပါသည်။
ထို့နောက် BPW Myanmar , MYANWEN နှင့် Rotaract Club of Yangon မှ “Embracing DigitALL Culture” ခေါင်းစဉ်ဖြင့်ပြုလုပ်မည့် Dialogue အစီအစဉ်တွင် Moderator အဖြစ် Vicky Thant Thitsar Aung – President, Rotaract Club of Myanmar မှ ပြုလုပ်ပြီး လူငယ်စွန့်ဦး တီထွင်လုပ်ငန်းရှင်များဖြစ်သည့် Ko Htet Arkar Kyaw – CEO Dinger, Ma Shwe Yamin Oo – Co-Founder and Chief Executive Officer , Recyglo Company Pte. Ltd , Ko Alex Khine – Chairman , Level Up Marketing Group, Ma Chit Moe Pwint Wai – Co-Founder and Business Development Director , Global New Wave Technology တို့မှ MSME လုပ်ငန်းများတွင် ဒီဂျစ်တယ်နည်းပညာများအား မည်သို့မည်ပုံ လုပ်ဆောင်နေခြင်း၊ ဒီဂျစ်တယ် စီးပွားရေးစနစ်တွင် ဒီဂျစ်တယ်၏ အရေးပါပုံ နှင့် လုပ်ငန်းများတွင် နည်းပညာအသွင်ကူးပြောင်းမှုလုပ်ဆောင်ချက်၊ အတွေ့အကြုံများ၊ ဒစ်ဂျစ်တယ်နည်းပညာကဏ္ဍနှင့် လုပ်ငန်းခွင်တွင် အမျိုးသမီးများ၏ ပါဝင်မှုကို အားပေးမြှင့်တင်ခြင်းအားဖြင့် အားလုံးပါဝင်နိုင်သော ဒစ်ဂျစ်တယ်ယဉ်ကျေးမှုကို တည်ဆောက်နိုင်မည့် နည်းလမ်းများကို တက်ရောက်လာကြတဲ့ ပရိသတ်များနှင့်အတူ အပြန်အလှန်ဆွေးနွေးသွားခဲ့ပါသည်။
ထို့အပြင် Business Executives Association မှ “All About Fund” ခေါင်းစဉ်ဖြင့်ပြုလုပ်မည့် Dialogue အစီအစဉ်တွင် U Min OO – BOD – Myanmar Thilawa SEZ Holding Public Co., Ltd. (MTSH), Myanmar Technologies And Investment Corporation Limited. (MTI) ၊ Dr. Mya Mya Lwin – Managing Director, MBC Software Development Company Limited., ၊ U Than Aung – Founder and CEO of MaximaxSolution Corporate Advisory နှင့် U Toe Lin Nyunt – Director SME Banking and Bancassurance, AYA Bank တို့မှ အတွေ့အကြုံများကို ဆွေးနွေးမျှဝေပေးခဲ့ ပါသည်။
ထို့အပြင် MYANWEN Marketplace မှာလည်း စိတ်ဝင်စားစရာကောင်းတဲ့ ပြည်တွင်းထုတ်ကုန်ပစ္စည်းများကို ခင်းကျင်း ပြသသွားပြီး လာရောက်ကြသည့် ဧည့်သည်တော်များမှလဲ စိတ်ဝင်တစား ကြည့်ရှုပြီး ဝယ်ယူအားပေးသွားကြသည့်အတွက် ကျေးဇူးအထူးတင်ရှိပါသည်။

Related Articles

Happy Myanmar New...

မြန်မာ့နှစ်သစ်ကူးအခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်...

ဆက်ဖတ်ရန်
09 April 2024

MYANWEN MSME Spotlight

Thiri Aung Mudra Myay Co.,Ltd...

ဆက်ဖတ်ရန်
06 April 2024

Corporate Governance for...

မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်-Myanmar Women Entrepreneurs...

ဆက်ဖတ်ရန်