Personal Grooming & Personality Development ကိုယ်ရည်ကိုယ်သွေးမြှင့်သင်တန်း

23 March 2024

မြန်မာနိုင်ငံအလှကုန်အသင်း- Myanmar Cosmetics Association (MCA) နဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်-Myanmar Women Entrepreneurs Network (MYANWEN) တို့မှ ဦးစီးကျင်းပ၍ MYANWEN မှ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်း (MSME) အသင်းဝင်များအတွက် ပံ့ပိုးစီးစဉ် ပေးထားသည့် Personal Grooming & Personality Development Class ကိုယ်ရည်ကိုယ်သွေးမြှင့် သင်တန်းကို ၂၀၂၄ ခုနှစ်၊ မတ်လ (၂၃) ရက်နေ့မှာ ကမ္ဘာအေး ဘုရားလမ်းရှိ မြန်မာနိုင်ငံအလှကုန်အသင်းရုံးချုပ်တွင် ကျင်းပခဲ့ပါတယ်။

အဆိုပါသင်တန်းတွင် လူမှုဆက်ဆံရေးနယ်ပယ်၊ လုပ်ငန်းဆောင်ရွက်တဲ့နယ်ပယ်တွေမှာ ဆက်သွယ်ဆောင်ရွက် ရာမှာ အကျိုးရရှိစေနိုင်ဖို့ရည်ရွယ်ပြီး Professional ပီပီသသ သိမ်မွေ့ညင်သာစွာ ပြောဆိုဆက်ဆံရေးနည်း လမ်း တွေ၊ စားသောက်နေထိုင်ရာမှာ လိုက်နာရမယ့်အပြုအမူတွေ၊ ဖက်ရှင်နဲ့လိုက်ဖက်ညီစွာ ဝတ်စားဆင်ယင်ပုံတွေ၊ မျက်နှာလိမ်းချယ်မှုများ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုတည်ဆောက်ရာမှာ လိုအပ်တဲ့အပိုင်းတွေကို ကဏ္ဍလေးတွေ ခွဲပြီးတော့ ဆရာဦးဝေယံမောင်မောင်နှင့် Phyo daybyday (Make up artist) မှ သင်ကြားပေးခဲ့ တာဖြစ်ပြီး၊ MYANWEN မှ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်း (MSME) အသင်းဝင်များမှလည်း စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြပါတယ်။

Related Articles

27 April 2024

Polish Pathways Series...

မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် – Myanmar Women...

ဆက်ဖတ်ရန်

Happy Myanmar New...

မြန်မာ့နှစ်သစ်ကူးအခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်...

ဆက်ဖတ်ရန်
09 April 2024

MYANWEN MSME Spotlight

Thiri Aung Mudra Myay Co.,Ltd...

ဆက်ဖတ်ရန်