2023 ခုနှစ်ရဲ့ ပထမဆုံး 𝐌𝐚𝐝𝐞 𝐈𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐚𝐢𝐫- 𝐋𝐨𝐜𝐚𝐥 𝐦𝐚𝐝𝐞 𝐏𝐫𝐨𝐝𝐮𝐜𝐭𝐬 𝐚𝐧𝐝 𝐅𝐨𝐨𝐝

20 Jan 2023

𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐖𝐨𝐦𝐞𝐧 𝐄𝐧𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫𝐬 𝐍𝐞𝐭𝐰𝐨𝐫𝐤 – 𝐌𝐘𝐀𝐍𝐖𝐄𝐍 (မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် ) မှ စီစဉ်ပြီး 𝐕𝐞𝐧𝐮𝐞 𝐏𝐚𝐫𝐭𝐧𝐞𝐫 အဖြစ် Bazaar Yangon Hypermarket မှ ပူးပေါင်း အားဖြည့်ပံ့ပိုး ထားတဲ့ 2023 ခုနှစ်ရဲ့ ပထမဆုံး 𝐌𝐚𝐝𝐞 𝐈𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐚𝐢𝐫- 𝐋𝐨𝐜𝐚𝐥 𝐦𝐚𝐝𝐞 𝐏𝐫𝐨𝐝𝐮𝐜𝐭𝐬 𝐚𝐧𝐝 𝐅𝐨𝐨𝐝 ပွဲကြီး ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်ရှင်။
𝐌𝐚𝐝𝐞 𝐈𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐚𝐢𝐫- 𝐋𝐨𝐜𝐚𝐥 𝐦𝐚𝐝𝐞 𝐏𝐫𝐨𝐝𝐮𝐜𝐭𝐬 𝐚𝐧𝐝 𝐅𝐨𝐨𝐝 ဆိုတဲ့ အတိုင်း မြန်မာပြည်မှာ ဂုဏ်ယူစွာ ထုတ်လုပ်သော အရည်အသွေးမြင့် စိတ်ဝင်စားစရာထုတ်ကုန်များစွာကို တစ်နေရာတည်း ဝယ်ယူရရှိနိုင်မယ့် အခွင့်အရေးလေးပါရှင်။
ဒီဈေးရောင်းပွဲတော်ကြီး မှာ မြန့်မာ့စားသောက်ကုန်၊ အဝတ်အထည်နှင့် ချစ်စရာအိမ်သုံးကုန်အမျိုးမျိုးတို့ကို ကုန်အမှတ်တံဆိပ် (၄၀) ကျော်မှ ၂၀ – ၁ – ၂၀၂၃ မှ ၂ – ၂ – ၂၀၂၃ အထိ ပါဝင်ပြသ ရောင်းချပေးသွားမှာ ဖြစ်တဲ့အတွက် မိသားစု သူငယ်ချင်းများနဲ့အတူ ပျော်ပျော်ရွှင်ရွှင်လာရောက်ဆင်နွှဲဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။
🛖 တည်နေရာ : Bazaar Yangon Hypermarket ၊ အမှတ် ၅၈၊ အထက်ပန်းဆိုးတန်းလမ်းနှင့် မြန်မာ့ဂုဏ်ရည်လမ်းထောင့်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။
🗓️နေ့ရက် : ၂၀ – ၁ – ၂၀၂၃ မှ ၂ – ၂ – ၂၀၂၃
🕗အချိန် : နံနက် (၉) နာရီ မှ ည (၇) နာရီ ထိ
𝐌𝐚𝐝𝐞 𝐈𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐚𝐢𝐫- 𝐋𝐨𝐜𝐚𝐥 𝐦𝐚𝐝𝐞 𝐏𝐫𝐨𝐝𝐮𝐜𝐭𝐬 𝐚𝐧𝐝 𝐅𝐨𝐨𝐝 ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ
ပြည်တွင်းရှိ 𝐌𝐒𝐌𝐄 လုပ်ငန်းများ ဖွံဖြိုးတိုးတက်လာစေရန်
ပြည်တွင်းဖြစ်ပစ္စည်းများ ပြည်တွင်းသာမက ပြည်ပ ဈေးကွက်များ အထိပါ ထိုးဖောက် ချဲ့ထွင်ပြီး ဈေးကွက်ရရှိလာစေရန်
မိမိတို့ကုန်ပစ္စည်းများ ခိုင်မာသောကုန်အမှတ်တံဆိပ်တစ်ခုအနေဖြင့် ဈေးကွက်နေရာ ရလာစေရန် နှင့်
ဈေးကွက်လိုအပ်ချက်အရ အဆင့်မှီပြီး ရေရှည် တည်တံ့သော လုပ်ငန်းများ ဖြစ်လာစေရန် တို့ဖြစ်ပါတယ်ရှင်။
myanwen food sale

Related Articles

Happy Myanmar New...

မြန်မာ့နှစ်သစ်ကူးအခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်...

ဆက်ဖတ်ရန်
09 April 2024

MYANWEN MSME Spotlight

Thiri Aung Mudra Myay Co.,Ltd...

ဆက်ဖတ်ရန်
06 April 2024

Corporate Governance for...

မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်-Myanmar Women Entrepreneurs...

ဆက်ဖတ်ရန်