မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက် (MYANWEN) ၏ Myanwen Young Executives များမှ Shining Hearts by Myanwen Young Executives ကို ပြည်တွင်း အသေးစား၊ အငယ်စား၊ အလတ်စား MSME လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးနိုင်ရန် ရည်ရွယ်ချက်ဖြင့် Fundraising Gala Dinner အားကျင်းပခြင်း

17 September 2023

မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက် (MYANWEN) ၏ Myanwen Young Executives များမှ Shining Hearts by Myanwen Young Executives အမည်ဖြင့် MSME လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးနိုင်ရန် ရည်ရွယ်ချက်ဖြင့် Fundraising Gala Dinner ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့ ညနေတွင် ရန်ကုန်မြို့ Lotte Hotel, Crystal Ballroom တွင် စည်ကားသိုက်မြိုက်စွာ အောင်အောင်မြင်မြင် ကျင်းပပြုလုပ်ခဲ့ပါသည်။
မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက် (MYANWEN) ၏ ဗဟိုအလုပ်အမှုဆောင် Myanwen Young Executives မရတနာဇော်မှ အဖွင့်အမှာစကား ပြောကြားပေးခဲ့ပါသည်။
နိုင်ငံကျော်တေးသံရှင်များမှ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်း၊ Auction အစီအစဉ်များ၊ ပျော်ရွှင်စွာ Lucky Draw မဲဖောက်ပေးခြင်းများ၊ Bazaar ဆိုင်ခန်းများ ဖွင့်လှစ် ရောင်းချပေးခဲ့ပြီး အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။
“Shining Hearts by Myanwen Young Executives” Fundraising Gala Dinner တွင် Dinner ticket များ၊ Auction အစီအစဉ် အောင်မြင်အောင် ပါဝင်ပေးပါသော၊ လှူဒါန်းပေးပါသော အသင်းဝင်များနှင့် မိတ်ဆွေများ၊ Lucky Draw ပစ္စည်းများကိုပံ့ပိုးပေးသူ အသင်းဝင်များနှင့် မိတ်ဆွေများ၊ Bazaar ဆိုင်ခန်းများ နှင့် ဖွင့်လှစ် ပံ့ပိုးပေးသူများအားလုံး၊ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေပေးသည့် တေးသံရှင်များ၊ MC အဖြစ်ဆောင်ရွက်ပေးပါသော ဒေါက်တာထူးပြည့်အောင်နှင့် ဒေါက်တာအေးချမ်းမိုး နှင့် ဒီပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အဖက်ဖက်မှ ပါဝင်ပံ့ပိုးသူများအားလုံးနှင့် တက်ရောက်လာကြသည့် ဧည့်ပရိသတ်များအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။

Related Articles

27 April 2024

Polish Pathways Series...

မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် – Myanmar Women...

ဆက်ဖတ်ရန်

Happy Myanmar New...

မြန်မာ့နှစ်သစ်ကူးအခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်...

ဆက်ဖတ်ရန်
09 April 2024

MYANWEN MSME Spotlight

Thiri Aung Mudra Myay Co.,Ltd...

ဆက်ဖတ်ရန်