မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN)

မြန်မာနိုင်ငံအတွင်းရှိ ဝါရင့်အသိပညာရှင် အတတ်ပညာရှင် အမျိုးသမီးများ၊ အောင်မြင်နေသော စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ၊ လူငယ်စွန့်ဦးတီထွင်အမျိုးသမီး လုပ်ငန်းရှင်များ အများစု ပါဝင်သော ” မြန်မာ စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်” MYANMAR WOMEN ENTREPRENEURS NETWORK (MYANWEN) ကို ကဏ္ဍအသီးသီးတွင် စွမ်းဆောင် ရည်မြင့်မားသည့် မြန်မာအမျိုးသမီးလုပ်ငန်းရှင်များဖြစ်လာစေရန်အတွက် အဓိကလမ်းညွှန်မှု ပေးနိုင်သည့် ဦးဆောင် အဖွဲ့အစည်း တစ်ခုအနေဖြင့် မြန်မာ့ လူမှု့ စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုစေရန် ၂၀၂၀ ခုနှစ် ဧပြီလ (၂) ရက်နေ့တွင် ရည်ရွယ်ချက် (၆) ချက်ဖြင့် ” မြန်မာ စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်” MYANMAR WOMEN ENTREPRENEURS NETWORK (MYANWEN) ကို တရားဝင် ဖွဲ့စည်းခဲ့ပါသည်။

မျှော်မှန်းချက် (Vision)

– စွမ်းဆောင်ရည်မြင့်မားသည့် မြန်မာအမျိုးသမီးလုပ်ငန်းရှင်များအတွက် အဓိကလမ်းညွှန်မှုပေးနိုင်သည့် ဦးဆောင် အဖွဲ့အစည်း တစ်ခုအနေဖြင့် မြန်မာ့ လူမှု့စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက်အထောက်အကူ ပြုရန်။

ရည်မှန်းချက် (Mission)

– မြန်မာအမျိုးသမီးများအတွက် ပြည်တွင်းပြည်ပ စီးပွားရေးအခွင့်အလမ်းများ ရရှိစေရန်အတွက်ချိတ်ဆက် ဆောင်ရွက် ပေးရန်။

– စီးပွားရေးလုပ်ငန်းများ တည်ထောင်လုပ်ကိုင်နိုင်ရန်နှင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သော စီးပွားရေး လုပ်ငန်းများ ဖြစ်ပေါ်လာစေရေးအတွက်လုပ်ငန်းစီမံခန့်ခွဲမှု အရည်အသွေးများကိုမြှင့်တင် ပေးခြင်း၊ စီးပွားရေးဆိုင်ရာ အတွေးအခေါ်၊ အလေ့အကျင့်များပြုစုပျိုးထောင် ပေးခြင်းဖြင့် မြန်မာ့စီးပွားရေး တိုးတက်မှုကို အထောက်အကူ ပြုရန်။

ရည်ရွယ်ချက် (Objectives)

– စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ၏ စီမံခန့်ခွဲမှုနှင့် ကျွမ်းကျင်မှုများ ပိုမိုတိုးတက်ရေး အတွက် စီးပွားရေးဆိုင်ရာ အကြံဉာဏ်များ၊ သတင်းအချက်အလက်များပေးခြင်းနှင့် ဗဟုသုတ အတွေ့အကြုံ များ မျှဝေရန်။

– ဒစ်ဂျစ်တယ်နှင့် နည်းပညာဆိုင်ရာ၊ ဈေးကွက်နှင့် စီးပွားရေးဆိုင်ရာ၊ ငွေကြေးဆိုင်ရာ ကိစ္စရပ်များ၊ သင်တန်းများနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပ အဖွဲ့ အစည်းများနှင့် စနစ်တကျ ချိတ်ဆက် အကူအညီပေးရန်။

– ဒေသအတွင်း (အသေးစား ၊ အငယ်စား ၊ အလတ်စား) စီးပွါးရေးလုပ်ငန်းများ၏ စွမ်းရည်မြှင့်တင်ခြင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အခြေခံသောစီးပွားရေး လုပ်ငန်းများကို လုပ်ဆောင်နိုင်ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲ၍ ဖွံ့ဖြိုးတိုးတက်အောင်မြင်သော စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ပံ့ပိုးကူညီပေးရန်။

– စီးပွားရေး လုပ်ငန်းများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်အခွင့်အလမ်းများ တန်းတူ အခွင့်အရေး ရရှိစေရန်၊ လုပ်ငန်းခွင်အတွင်း အမျိုးသမီးများ၏ ဘဝကို ကာကွယ်စောင့်ရှောက်မှုနှင့် ရရှိနိုင်စေရန်။

– စီးပွားရေးလုပ်ငန်းများ စတင်တည်ထောင်လိုသူ အမျိုးသမီးများအား ပံ့ပိုးကူညီဆောင်ရွက် နိုင်စေရန်။

– အမျိုးသမီးများ၏ စီးပွားရေး စွမ်းရည်မြှင့်တင်ခြင်းနှင့် လူမှုရေး ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ပံ့ပိုးကူညီ ဆောင်ရွက်ရန်။