StartUp Ignite Bootcamp for Young Women Entrepreneurs Program (ဒုတိယအကြိမ်) (၃) ရက်တာ သင်တန်း အောင်မြင်စွာပြီးဆုံးခြင်း

28 January 2024

uab bank နှင့် မြန်မာစီးပွားရေး လုပ်ငန်းရှင်အမျိုးသမီးများကွန်ယက် – Myanmar Women Entrepreneurs Network (MYANWEN) တို့ ပူးပေါင်းပံ့ပိုးထားသည့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း စတင်ရန် စိတ်အားထက်သန်သည့် လူငယ်အမျိုးသမီးများ၊ စီးပွားရေးလုပ်ငန်းစတင် လုပ်ကိုင်ကာစအမျိုးသမီး လုပ်ငန်းရှင်များအတွက် ကိုယ်ပိုင်စီး ပွားရေး လုပ်ငန်းတစ်ခု စတင်လုပ်ကိုင်ရာတွင်သိရှိထားသင့်သည့် အခြေခံအသိပညာများပေးသည့် StartUp Ignite Bootcamp for Young Women Entrepreneurs ၏ (ဒုတိယအကြိမ်) (၃) ရက်တာ သင်တန်းအား မန္တလေးမြို့ရှိ Mandalay Region Chamber of Commerce and Industry (MRCCI) တွင် ကျင်းပခဲ့ပါသည်။

သင်တန်း ဒုတိယမြောက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် (MYANWEN) ၏ ဥက္ကဋ္ဌ ဒေါ်မာလာမြင့်မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား၍၊ uab bank ၏ Vice President, Mandalay Zone Head ဦးကိုကိုမောင်မှ MSME နှင့် ပတ်သက်သည့် ဝန်ဆောင်မှုပေးနေသည့် အပိုင်းအား ရှင်း လင်းပြောကြားခဲ့ပါသည်။ ထို့နောက် MYANWEN ၏ မန္တလေးတိုင်းဒေသကြီး၊ မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုး သမီးများကွန်ယက် (MYANWEN)၏ ဒုတိယ ဥက္ကဋ္ဌ ဒေါ်သီရိစိုးဝင်း (Director of Admin, CAD Construction and Decoration Co., Ltd), (Founder of Smile Preserved Fruits and Jelly), MYANWEN ၏ MSME အသင်းဝင် များဖြစ်သည့် ဒေါက်တာ အေးခိုင်စိုး (Director, New A1 Family Co., Ltd), ဒေါ်အိပိုးဖြူ (Director, Shwe Zee Kwat Food Manufacturing & Int’l Export Co., Ltd), ဒေါ်နန္ဒာစိုးအေး (CEO, Founder Hnin WittHmone Natural Dyed Cotton Center Amarapura), ဒေါ်နန်းခမ်းနွမ် (Director & CEO, NNK Top Myanmar Co., Ltd), (Kiyomyanmar Fruit and Veggie Chips) တို့မှ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းအတွေ့အကြုံများကို မျှဝေခဲ့ပြီး၊ သင်တန်းသူများမှ စိတ်ဝင်စားစွာ သင်ယူခဲ့ကြပါသည်။

သင်တန်းနောက်ဆုံးနေ့တွင် သင်တန်းအား (၃) ရက်တိုင်တိုင် မပျက်မကွက်တက်ရောက်သင်ယူ၍ အဆက်မပြတ် ကြိုးစားသင်ယူကြသည့် သင်တန်းသူများအားလုံးကို uab bank နှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် – Myanmar Women Entrepreneurs Network (MYANWEN) တို့မှ သင်တန်းပြီးမြောက်ကြောင်း လက် မှတ် (Certificate of Completion) ချီးမြှင့်ကာ Business Idea တင်ဆက်မှုအလိုက် ထူးချွန်သည့်အဖွဲ့အား ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုး သမီးများကွန်ယက် (MYANWEN) ၏ အလုပ်အမှုဆောင် ဒေါ်ဝင်းလဲ့မြရည်စံမှ နိဂုံးချုပ် စကားပြောကြားခဲ့ပါသည်။

ယခုကဲ့သို့ သင်တန်းများကို MYANWEN မှ ဆက်လက်ပံ့ပိုး၍ ကျင်းပပြုလုပ်သွားမည်ဖြစ်သည့်အတွက် သင်တန်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို MYANWEN ၏ Facebook Page များ ဖြစ်သည့် Myanmar Women Entrepreneurs Network နှင့် MyanWen Marketplace တို့တွင် ကြေညာပေးသွားမည်ဖြစ်ကြောင်း သတင်း ကောင်းပါးအပ်ပါသည်။

#myanwen

Related Articles

Happy Myanmar New...

မြန်မာ့နှစ်သစ်ကူးအခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်...

ဆက်ဖတ်ရန်
09 April 2024

MYANWEN MSME Spotlight

Thiri Aung Mudra Myay Co.,Ltd...

ဆက်ဖတ်ရန်
06 April 2024

Corporate Governance for...

မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်-Myanmar Women Entrepreneurs...

ဆက်ဖတ်ရန်