StartUp Ignite Bootcamp for Young Women Entrepreneurs Program (ဒုတိယအကြိမ်) (၃) ရက်တာ သင်တန်းအား မန္တလေးမြို့တွင် ကျင်းပခြင်း

26 January 2024

StartUp Ignite Bootcamp သင်တန်းသည် uab bank နှင့် မြန်မာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် – Myanmar Women Entrepreneurs Network (MYANWEN) တို့ ပူးပေါင်း၍ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း စတင် လုပ်ကိုင်လိုသူ၊ လုပ်ငန်းစတင်လုပ်ကိုင်ကာစ အမျိုးသမီးများအတွက် စွမ်းရည်မြှင့်တင်မှု၊ လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ပြီး အောင်မြင်နိုင်ရန် လိုအပ်သည့် အသိပညာဗဟုသုတများ ကူညီပံ့ပိုးပေးနိုင်ရန်အတွက် လျှောက်လွှာများ ခေါ်ယူခဲ့ရာ လျှောက်ထားသူများအနက် သင်တန်းတက်ရောက်ရန် (၄၀) ဦးကို ရွေးချယ်ကာ သင်တန်းအား Mandalay Region Chamber of Commerce and Industry (MRCCI) မန္တလေးမြို့တွင် ကျင်းပခဲ့ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး၊ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) ၏ အထွေထွေ အတွင်းရေးမှူး ဒေါ်အေးမြမှ အဖွင့်အမှာစကားပြောကြားပြီး၊ uab bank ၏ Vice President, Mandalay Zone Head ဦးကိုကိုမောင်မှ မိတ်ဆက်စကား ပြောကြားပါသည်။ ယနေ့သင်တန်း ပထမ နေ့တွင် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခု စတင်လုပ်ကိုင်ရာတွင် သိရှိထားသင့်သည့် အခြေခံဘာသာရပ်များကို ဒေါ်မြတ်မွန်ဇော် (Founder Cum Principal of AIM Institute of Management) မှ Creating an Entrepreneurial Spirit ခေါင်းစဉ်ဖြင့်လည်းကောင်း၊ MYANWEN ၏ အလုပ်အမှုဆောင် ဒေါ်ဝင်းလဲ့မြရည်စံ (CEO, The Inspiration) မှ Market Dynamics Mastery: Aligning Customer Needs with Products Offerings ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးကောင်းဝေဖြိုး (CEO, Gingalearn) မှ Money Management ခေါင်းစဉ်ဖြင့်လည်း ကောင်းအသီးသီး သင်ကြားပို့ချခဲ့ကြပြီး၊ MYANWEN ၏ MSME အသင်းဝင်များဖြစ်သည့် ဒေါ်မေနှင်းဝေ (CEO & Co-Founder, Healthy & Happy Myanmar Co., Ltd), (Healthy Food Production)နှင့် ဒေါ်မဥ္ဇူအောင်ကြည် (Owner, Zu Zu Macadamia Nuts Myanmar) တို့မှ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း အတွေ့ အကြုံများကို မျှဝေခဲ့ပြီး၊ သင်တန်းသူများမှ စိတ်ဝင်စားစွာသင်ယူကြ၍ သင်တန်းပထမနေ့အား အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

#myanwen

Related Articles

Happy Myanmar New...

မြန်မာ့နှစ်သစ်ကူးအခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်...

ဆက်ဖတ်ရန်
09 April 2024

MYANWEN MSME Spotlight

Thiri Aung Mudra Myay Co.,Ltd...

ဆက်ဖတ်ရန်
06 April 2024

Corporate Governance for...

မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်-Myanmar Women Entrepreneurs...

ဆက်ဖတ်ရန်