StartUp Ignite Bootcamp for Young Women Entrepreneurs (ပထမ အကြိမ်) (၃) ရက်တာ သင်တန်း အောင်မြင်စွာ ပြီးဆုံးခြင်း

15 January 2024

uab bank နှင့် မြန်မာ စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် – Myanmar Women Entrepreneurs Network (MYANWEN) တို့ ပူးပေါင်း ပံ့ပိုးထားသည့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း စတင်ရန် စိတ်အား ထက်သန်သည့် လူငယ်အမျိုးသမီးများ၊ စီးပွါးရေးလုပ်ငန်းစတင်လုပ်ကိုင်စ အမျိုးသမီး လုပ်ငန်းရှင်များ အတွက် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခု စတင် လုပ်ကိုင် ရာတွင် သိရှိထားသင့်သည့် အခြေခံအသိပညာများပေးသည့် StartUp Ignite Bootcamp for Young Women Entrepreneurs ၏ (ပထမအကြိမ်) ၃ ရက် တာ သင်တန်းအား ရန်ကုန်မြို့ uab Tower (Time City) တွင် ကျင်းပခဲ့ပါသည်။

သင်တန်းအား (၃) ရက်တိုင်တိုင် မပျက်မကွက်တက်ရောက်သင်ယူ၍ အဆက်မပြတ် ကြိုးစားသင်ယူ ကြသည့် သင်တန်းသူများအားလုံးကို uab bank နှင့် မြန်မာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် – Myanmar Women Entrepreneurs Network (MYANWEN) တို့မှ သင်တန်းပြီးမြောက် ကြောင်း လက်မှတ် (Certificate of Completion) ချီးမြှင့်ကာ Business Idea တင်ဆက်မှုအလိုက် ထူး ချွန်သည့်အဖွဲ့များအား ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ မြန်မာစီးပွား ရေး လုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် (MYANWEN) ၏ အထွေထွေအတွင်းရေးမှူး ဒေါ်ယဉ်ယဉ်အေးမှ နိဂုံးချုပ် စကားပြောကြား ခဲ့ပါသည်။

ယခုကဲ့သို့ သင်တန်းများကို MYANWEN မှ ဆက်လက်ပံ့ပိုး၍ ကျင်းပပြုလုပ်သွားမည်ဖြစ်သည့်အတွက် သင်တန်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို MYANWEN ၏ Facebook Page များဖြစ်သည့် Myanmar Women Entrepreneurs Network နှင့် MyanWen Marketplace တို့တွင် ကြေညာပေးသွားမည်ဖြစ်ကြောင်း သတင်း ကောင်းပါးအပ်ပါသည်။

#myanwen

Related Articles

Happy Myanmar New...

မြန်မာ့နှစ်သစ်ကူးအခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်...

ဆက်ဖတ်ရန်
09 April 2024

MYANWEN MSME Spotlight

Thiri Aung Mudra Myay Co.,Ltd...

ဆက်ဖတ်ရန်
06 April 2024

Corporate Governance for...

မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်-Myanmar Women Entrepreneurs...

ဆက်ဖတ်ရန်