StartUp Ignite Bootcamp အစီအစဉ် (ပထမအကြိမ်)

04 Jan 2024

မြန်မာနိုင်ငံရှိ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင်လိုသူ အမျိုးသမီးများအတွက် လိုအပ်သည့် အသိပညာ ဗဟုသုတများ ကူညီပံ့ပိုးပေးရန် ရည်ရွယ်ချက်ဖြင့် uab Bank နှင့် မြန်မာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် – Myanmar Women Entrepreneurs Network (MYANWEN) တို့ ပူးပေါင်း၍ StartUp Ignite Bootcamp အစီအစဉ် (ပထမအကြိမ်) ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်မှ ၁၄ ရက်နေ့အထိ ရန်ကုန်မြို့၊ uab Tower တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

အဆိုပါ ၃ ရက်တာ သင်တန်းတွင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း စတင်ရန် စိတ်အားထက်သန်သည့် လူငယ်အမျိုး သမီးများအတွက် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု စတင်လုပ်ကိုင်ရာတွင် သိရှိထားသင့်သည့် အခြေခံ ဘာသာရပ် များကို သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများက သင်ကြားပို့ချခြင်း၊ ဆွေးနွေးတိုင်ပင်ခြင်း (Mentorship)နှင့် လက်တွေ့လေ့ကျင့်ခန်းဆောင်ရွက်ခြင်း အစီအစဉ်များပါဝင်မည်ဖြစ်ပါသည်။ ထို့ပြင် လက်ရှိတွင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူများမှလည်း အတွေ့အကြုံများ မျှဝေပေးသွားမည်ဖြစ်ပါသည်။

သင်တန်းသည် အခမဲ့ဖြစ်ပြီး သင်တန်းကာလအတွင်း လိုအပ်သည့် သင်ထောက်ကူပစ္စည်းများကို စီစဉ်ပေးထား မည်ဖြစ်ပါသည်။ စွမ်းဆောင်ရည်အလိုက် ထူးချွန်သူများအားရွေးချယ်ပြီး ဆုချီးမြှင့်မည့် အစီအစဉ်လည်း ပါဝင်ပါသည်။

သို့ဖြစ်ပါ၍ အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့်ကိုက်ညီသူ စိတ်ပါဝင်စားသူ အမျိုးသမီးများကို ဝင်ရောက် လျှောက်ထားနိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်-

လျှောက်ထားသူသည် အသက် ၁၈ နှစ်မှ ၃၀ နှစ်အတွင်း ဖြစ်ရမည်။

🔹 အနိမ့်ဆုံးပညာအရည်အချင်းအဖြစ် အခြေခံပညာအထက်တန်း အောင်မြင်ထားသူဖြစ်ရမည်။

🔹 မိမိကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု စတင်လုပ်ကိုင်ရန် စိတ်အားထက်သန်မှုရှိပြီး လေ့လာသင်ယူလိုစိတ် ရှိသူဖြစ်ရမည်။

🔹 သင်တန်းကာလ ၃ ရက်အပြည့် သင်တန်းပြီးမြောက်သည်အထိ တက်ရောက်နိုင်သူဖြစ်ရမည်။

သင်တန်းကို google form: https://docs.google.com/…/1FAIpQLSca6zkO380…/viewform…

မှတဆင့် ဝင်ရောက်လျှောက်ထားနိုင်ပြီဖြစ်ပါ သည်။

သင်တန်းလျှောက်လွှာများကို ၄-၁-၂၀၂၄ ရက်နေ့ ညနေ (၄:၀၀) နောက်ဆုံးထားလက်ခံမည်ဖြစ်ပြီး၊ ရွေးချယ်ခံရသူ သင်တန်းသူအယောက် (၅၀) ကို တယ်လီဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားသွားမည်ဖြစ်ပါသည်။

Related Articles

Happy Myanmar New...

မြန်မာ့နှစ်သစ်ကူးအခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်...

ဆက်ဖတ်ရန်
09 April 2024

MYANWEN MSME Spotlight

Thiri Aung Mudra Myay Co.,Ltd...

ဆက်ဖတ်ရန်
06 April 2024

Corporate Governance for...

မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်-Myanmar Women Entrepreneurs...

ဆက်ဖတ်ရန်