Shining Hearts Thadingyut Festival

21 Oct 2023

အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများ စျေးကွက်ရရှိရေးနှင့် စီးပွါးရေးဖွံဖြိုးတိုးတက်မှုအတွက် အစဉ်တစိုက် အားစိုက်ဆောင်ရွက်နေသည့် မြန်မာစီးပွားရေး လုပ်ငန်းရှင်အမျိုးသမီးများကွန်ယက် – Myanmar Women Entrepreneurs Network (MYANWEN) ၏ (၁၆) ကြိမ်မြောက်ပွဲလေးကို တမူထူးခြားစွာဖြင့် “ Shining Hearts Thadingyut Festival” အား MYANWEN မှ ကြီးမှူးကျင်းပ၍ Business and Professional Women (BPW Myanmar)၊ Chatrium Hotel Royal Lake Yangon နှင့် AYA Bank တို့မှ ပူးပေါင်းပါဝင်ပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၁) ရက်နေ့တွင် နံနက် (၉:၀၀) နာရီမှ ညနေ (၆:၀၀) အထိ Chatrium Hotel Royal Lake Yangon တွင် ကျင်းပပြု လုပ်ခဲ့ပါသည်။

အဆိုပါပွဲတွင် တိုင်းရင်းသားလူမျိုး (၈) မျိုး၏ ယဉ်ကျေးမှုရိုးရာ အဝတ်အထည်၊ အစားအသောက် များအပြင် ပြည်တွင်းထုတ်ကုန် ဆိုင်ခန်းပေါင်း (၆၀)ကျော်၊ မြန်မာ့ရိုးရာအစားအသောက်ဆိုင်ခန်းပေါင်း (၂၀) ကျော်တို့မှခင်း ကျင်းပြသရောင်းချခဲ့ရာ မြန်မာ့ထုတ်ကုန်နှင့် အစားအသောက် နှစ်သက်သူများ အထူးဝယ်ယူအားပေးခဲ့ကြပါသည်။

“Shining Hearts Thadingyut Festival” ပွဲတော်တွင် အခမ်းနားမှူးအဖြစ် သရုပ်ဆောင်မင်းသား Dr ထူးပြည့်အောင်မှဆောင်ရွက်ပြီး နိုင်ငံကျော်အနုပညာရှင်များ ဖြစ်ကြသည့် ရဲလေး၊ ပိုင်တံခွန်၊ ဒီဇိုင်နာကောင်းမြတ်နှင့် ရွှေပိုင်တို့မှ အခမ်းနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါသည်။ ထို့နောက် အဆိုတော် ရဲလေး၊ ဟဲလေး၊ ဘန်နီဖြိုး၊ မိစန္ဒီ နှင့် ပန်းရောင်ခြယ်တို့မှ မေတ္တာဖြင့် သီဆိုဖျော်ဖြေပေးခဲ့ကြပါသည်။

ထို့အပြင် အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းရှင်များ၏ထုတ်ကုန်များ ပိုမိုကျယ်ပြန့်လူသိများစေရန်ရည်ရွယ်ချက်ဖြင့် နိုင်ငံကျော်အနုပညာရှင်များဖြစ်ကြသည့် ချမ်းမင်းရဲထွဋ်၊ ဗညားဘုန်းပြည့်၊ ကျော်ထွဋ်ဆွေ၊ နန်းသူဇာ၊ ဒီဇိုင်နာကောင်းမြတ် နှင့် စားမယ် တို့မှလည်း ပွဲတွင်ပါဝင်သောမြန်မာ့ထုတ်ကုန်ဆိုင်ခန်းများနှင့် အစားအသောက်များကို လိုက်လံမိတ်ဆက်မေးမြန်းတင်ဆက်ခြင်း ရိုက်ကူးမှုများကို မေတ္တာဖြင့်ပါဝင်ကူညီပေးခဲ့ကြပါသည်။

“Shining Hearts Thadingyut Festival” ပွဲအောင်မြင်စွာကျင်းပနိုင်ခဲ့သည့်အတွက် မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် AYA Bank နှင့် Chatrium Hotel Royal Lake Yangon၊ မေတ္တာဖြင့်လာရောက်ပံ့ပိုး ကူညီပေးကြသူ နိုင်ငံကျော်အနုပညာရှင်များ၊ ပါဝင်ပြသရောင်းချသော လုပ်ငန်းရှင်များနှင့် သီတင်းကျွတ်ပွဲလာပရိသတ်အားလုံး ကျေးဇူးအထူးတင်မှတ်တမ်းထားရှိအပ်ပါသည်။

Related Articles

27 April 2024

Polish Pathways Series...

မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် – Myanmar Women...

ဆက်ဖတ်ရန်

Happy Myanmar New...

မြန်မာ့နှစ်သစ်ကူးအခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်...

ဆက်ဖတ်ရန်
09 April 2024

MYANWEN MSME Spotlight

Thiri Aung Mudra Myay Co.,Ltd...

ဆက်ဖတ်ရန်