Professional Etiquette & Grooming Essentials ကိုယ်ရည်ကိုယ်သွေးမြှင့်သင်တန်း

27 March 2024

မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN)နဲ့ Business and Professional Women Federation Myanmar (BPW Myanmar) မှ မိမိတို့၏ အသင်းဝင် Member များ လူမှုဆက်ဆံရေးနယ်ပယ်၊ လုပ် ငန်းဆောင်ရွက်တဲ့နယ်ပယ်တွေမှာ ဆက်သွယ်ဆောင်ရွက်ရာတွင် စနစ်ကျပြီး ယုံကြည်မှူမြင့်မားစေရန် ရည်ရွယ်ပြီးတော့ Professional Etiquette & Grooming Essentials ကိုယ်ရည်ကိုယ်သွေးမြှင့်သင်တန်းကို ၂၀၂၄ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့မှာ Pan Pacific Yangon (Ballroom 1) တွင် ကျင်းပခဲ့ပါတယ်။

Professional Etiquette & Grooming Essentials ကိုယ်ရည်ကိုယ်သွေးမြှင့်သင်တန်းအား May Chelsea Personality Development School ၏ Founder ဖြစ်သူ Daw Annie Nilar Sein မှ Professional ပီပီသသ သိမ်မွေ့ညင်သာစွာ ပြောဆိုဆက်ဆံရေးနည်းလမ်း Etiquette တွေ၊ စားသောက် နေထိုင်ရာမှာ လိုက်နာရမယ့် အပြု အမူတွေ၊ ဖက်ရှင်နဲ့ လိုက်ဖက်ညီစွာ ဝတ်စားဆင်ယင်ပုံတွေ၊ မျက်နှာလိမ်းချယ် နည်းတွေ၊ ကိုယ့်ကိုယ်ကို ယုံကြည် မှုတည်ဆောက်ရာမှာ လိုအပ်တဲ့အပိုင်းတွေကို မျှဝေ ပေးခဲ့ရာ အသင်းဝင် Member များမှလည်း စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြပါတယ်။

#myanwen

Related Articles

Happy Myanmar New...

မြန်မာ့နှစ်သစ်ကူးအခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်...

ဆက်ဖတ်ရန်
09 April 2024

MYANWEN MSME Spotlight

Thiri Aung Mudra Myay Co.,Ltd...

ဆက်ဖတ်ရန်
06 April 2024

Corporate Governance for...

မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်-Myanmar Women Entrepreneurs...

ဆက်ဖတ်ရန်