“International Women’s Day (IWD) 2024” အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနား အောင်မြင်စွာကျင်းပခဲ့ခြင်း

8 March 2024

မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် – Myanmar Women Entrepreneurs Network (MYANWEN) သည် “International Women’s Day (IWD) 2024” အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် Business and Professional Women Federation Myanmar (BPW Myanmar) နှင့်အတူ ဦးစီးကျင်းပကာ AYA Bank PCL, City Mart Holdings Co., Ltd, Chatrium Hotel Royal Lake Yangon တို့မှ ပူးပေါင်းပါဝင်ပံ့ပိုးထားသည့် “Empower HER” အခမ်းအနားကို ၂၀၂၄ခုနှစ်၊ မတ်လ (၈) ရက်နေ့တွင် Chatrium Hotel Royal Lake Yangon ၌ စည်ကားသိုက်မြိုက် စွာကျင်းပပြုလုပ်ခဲ့ပါသည်။

IWD 2024 အခမ်းအနားတွင် မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) ၏ ဥက္ကဋ္ဌနှင့် Business and Professional Women (BPW Myanmar)၏ ဥက္ကဋ္ဌ ဒေါက်တာ စုလှဟန်မှ အဖွင့် အမှာစကားပြောကြား၍ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ ဥက္ကဋ္ဌ ဦးအေးဝင်းမှ နှုတ် ခွန်းဆက် အမှာစကား ချီးမြှင့်ပြောကြားခဲ့ပါသည်။ ထို့နောက် MYANWEN ၏ နာယက တစ်ဦးဖြစ်သူ ဒေါက်တာ ခင်စန်းရီမှ ဝမ်းမြောက်ကြောင်းအမှာစကား ချီးမြှင့်၍ AYA Bank PCL ၏ Deputy Chief Executive Officer ဒေါ်သဇင်အောင် @ Jasmine နှင့် Chatrium Hotel Royal Lake Yangon ၏ General Manager ဒေါ်မေမြတ်မွန်ဝင်းတို့မှ အမှာစကားများ အသီးသီး ပြောကြားခဲ့ကြပါသည်။

ထို့နောက် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) နှင့် City Holdings Limited (CHL) တို့အကြား နားလည်မှုစာချွန်လွှာကို မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် (MYANWEN) ၏ ဥက္ကဋ္ဌ ‌ဒေါက်တာစုလှဟန်နှင့် City Holdings Limited (CHL)၏ Group Chief People Officer ဒေါ်ပွင့်ဖြူဟန်၊ အသိသက်သေများအဖြစ် မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုး သမီးများ ကွန်ယက် (MYANWEN) ၏ ဗဟိုအလုပ်အမှုဆောင် ဒေါ်ခင်မီမီလှိုင်၊ City Holdings Limited (CHL) ၏ Group Corporate Affairs Director ဦးဝင်းမြင့်အောင်တို့မှ လက်မှတ်ရေးထိုးခဲ့ကြပါသည်။

ဆက်လက်၍ MYANWEN ၏ MSMEs များနှင့် အခမ်းအနားတွင် ပါဝင်ပံ့ပိုးပေးထားသည့် အဖွဲ့ အစည်းများအား Awards နှင့် Appreciation Gifts များ ပေးအပ်ခဲ့ပြီးနောက် နံနက်ပိုင်း Panel (1) 𝗜𝗻𝗰𝗹𝘂𝘀𝗶𝘃𝗲 𝗘𝗺𝗽𝗼𝘄𝗲𝗿𝗺𝗲𝗻𝘁 𝗳𝗼𝗿 𝗦𝘂𝘀𝘁𝗮𝗶𝗻𝗮𝗯𝗶𝗹𝗶𝘁𝘆 ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲအားကျင်းပရာ Moderator အနေဖြင့် ဦးရဲမြင့်မောင် (Chairman – Myanmar Belle Group) မှ ဆောင်ရွက်ခဲ့ပြီး၊ Panelists များအဖြစ် ဒေါ်သဇင်အောင် @ Jasmine (Deputy Chief Executive Officer-AYA Bank PCL), ဒေါ်ခင်ခင်သိန်း (Merchandising Manager-City Mart Holdings Co., Ltd), ဒေါ်စုစုတင် (Vice President – MYANWEN, President – BPW Yangon, EC – UMFCCI, Managing Director – EXO Travel Myanmar, Sanctum Inle Resort, Yangon Excelsior Hotel, ANNAM Myanmar), ဒေါ်လင်း လင်းတင်ထွန်း (Director- Mango Advertising Group, CEC – MYANWEN), ဒေါ်သူဇာဝင်း (Executive Director, Alpha Power Engineering Co., Ltd; CEC – MYANWEN) တို့မှ အတွေ့အကြုံများကို ဆွေးနွေးမျှဝေပေးခဲ့ကြရာ တက်ရောက်လာကြသူများမှ သိရှိလိုသည်များအား မေးမြန်းကြပါသည်။

အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အနေဖြင့် Panel (2) 𝗡𝗲𝘅𝘁 𝗚𝗲𝗻𝗲𝗿𝗮𝘁𝗶𝗼𝗻 𝗖𝗵𝗮𝗻𝗴𝗲 𝗠𝗮𝗸𝗲𝗿𝘀 စကား ဝိုင်း ဆွေးနွေးပွဲကို ကျင်းပခဲ့ရာ ဒေါ်မေမြတ်မွန်ဝင်း (General Manager-Chatrium Hotel Royal Lake Yangon) မှ Moderator အနေဖြင့် ဆောင်ရွက်ကာ Panelists များအဖြစ် ဒေါ်ရို့ခင်မီမီဝင်း (Director – Sein Nan Daw Diamonds & Fine Jewelry, Sakura Global Investments Co. Ltd), ကိုအောင်ဇင် @ Alvin (Operations Director- MDG Co., Ltd), ဒေါက် တာ ယိင်းယိင်းဝိုခမ်း (Founder/Clinical Director-Juvenus Medical Aesthetics & Wellness), မအင်ကြင်းခိုင် (Marketing Director- Top Cashew Nut & Cashew Brittle) တို့မှ အသိပညာ ဗဟုသုတများ၊ အပြောင်းအလဲလုပ်ဆောင်ရာတွင် ကြုံတွေ့ခဲ့ရသည့် စိန်ခေါ်မှုများနှင့် ပတ်သက်၍ ဆွေးနွေးမျှဝေခဲ့ကြရာ တက်ရောက်လာကြသူများမှ သိရှိလိုသည်များအားမေးမြန်းခဲ့ကြပြီး၊ မြန်မာ စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN)၏ အထွေထွေအတွင်းရေးမှူး ဒေါ်ယဉ်ယဉ်အေးမှ နိဂုံးချုပ်စကား ပြောကြားခဲ့ပါသည်။

ထို့အပြင် နယ်ပယ်အသီးသီးရှိ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းရှင်များ၏ ပြည်တွင်းဖြစ် ထုတ်ကုန်ပစ္စည်းများ ဖြစ်သည့် စားသောက်ကုန်၊ လူသုံးကုန်၊ အဝတ်အထည်အစရှိသည့်ပစ္စည်းများ ခင်းကျင်းပြသထားသည့် MYANWEN Marketplace ကိုလည်း တက်ရောက်လာကြသည့် ဧည့်သည်တော် များမှ စိတ်ဝင်တစားကြည့်ရှုအားပေးခဲ့ကြပါသည်။

“International Women’s Day (IWD) 2024” Empower HER အခမ်းအနားအား စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အဓိကပါဝင်ပံ့ပိုးခဲ့ကြသည့် AYA Bank PCL နှင့် Chatrium Hotel Royal Lake Yangon နှင့်အတူ ပံ့ပိုးကူညီထားကြသည့် အမျိုးသမီးဦးဆောင်သော လုပ်ငန်းများဖြစ်သည့် Golden Bell Jewellery & Goldsmith, စိန်နန်းတော် Diamonds & Fine Jewelry, Hot Pot Star, WALCO, ရွှေဂင်္ဂါ, Top Cashew Nut & Cashew Brittle, The Cutis Reparo, MM Smart & Choice, Healthy & Happy, 90s ဒို့ရွာ နှင့် နှစ်သက် မြေပဲဆီသန့်၊ တက်ရောက်လာကြသည့် နိုင်ငံကျော် အနုပညာရှင်များ၊ ပါဝင်ပြသရောင်းချခဲ့သော MSMEs လုပ်ငန်းရှင်များနှင့် တက်ရောက်လာကြသူများ အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

Related Articles

Happy Myanmar New...

မြန်မာ့နှစ်သစ်ကူးအခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်...

ဆက်ဖတ်ရန်
09 April 2024

MYANWEN MSME Spotlight

Thiri Aung Mudra Myay Co.,Ltd...

ဆက်ဖတ်ရန်
06 April 2024

Corporate Governance for...

မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်-Myanmar Women Entrepreneurs...

ဆက်ဖတ်ရန်