Cybersecurity Awareness Month အားဂုဏ်ပြုသောအားဖြင့် “ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာ ပေးဆွေးနွေးပွဲ” ခေါင်းစဉ်ဖြင့် ကျင်းပသည့် စကားဝိုင်းဆွေးနွေးပွဲအခမ်းအနား

31 Oct 2023

Cybersecurity Awareness Month အားဂုဏ်ပြုသောအားဖြင့်မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက် – Myanmar Women Entrepreneurs Network (MYANWEN) ၏ Digital & Learning Platform Committee မှ ကြီးမှူးကျင်းပ၍ မြန်မာဒီဂျစ်တယ် စီးပွားရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း – Myanmar Digital Economy Association (MDEA)၊ Yoma Bank နှင့် Wave Money တို့မှ ပံ့ပိုးကူညီ သည့် “ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို လူကိုယ်တိုင် (သို့မဟုတ်) Zoom Online ဖြင့် တက်ရောက်နိုင်သည့် ပုံစံ (၂)မျိုးဖြင့် ၂၀၂၃ ခုနှစ်၊ အောက် တိုဘာလ (၃၁) ရက် (အင်္ဂါနေ့)၊ မွန်းလွဲ (၁:၃၀) နာရီအချိန်တွင် Awei Metta Hotel (ပန်းလှိုင်အိမ်ရာ)၌ ကျင်းပခဲ့ပါသည်။

🔹 အခမ်းအနားကို ဗဟိုဘဏ်၏ Head of IT ဖြစ်သူ ဒေါ်ခင်နွဲ့အောင်မှ အဖွင့်အမှာစကားအား Zoom Online မှတစ်ဆင့် ချီးမြှင့်ပြောကြားခဲ့ပြီး၊ နှုတ်ခွန်းဆက်အမှာစကားအား မြန်မာစီးပွား ရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် – Myanmar Women Entrepreneurs Network (MYANWEN) ၏ ဒုတိယ ဥက္ကဋ္ဌ ဒေါ်နှင်းဝေမှလည်းကောင်း၊ အမှာစကားအား မြန်မာဒီဂျစ်တယ် စီးပွားရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း – Myanmar Digital Economy Association (MDEA) ၏ Executive Member ဦးမင်းမြတ်စိုးမိုးမှလည်းကောင်း အသီးသီးပြောကြားခဲ့ကြပါသည်။

🔹 ပထမပိုင်းအစီအစဉ်တွင် ကျွမ်းကျင်ပညာရှင်များဖြင့် စကားဝိုင်းဆွေးနွေးပွဲအား ကျင်းပရာ Panelists များအဖြစ် ဦးရဲသူရသက် (Founder and Principal Analyst, Kernellix)၊ ဒေါက်တာ သန်းဝင်း (Managing Director, Concordia)၊ ဒေါ်ပန်းအိဖြူ (Chief Operating Officer, Myanmar Payment Solution Services Co., Ltd)၊ ဦးမင်းမြတ်စိုးမိုး (Managing Director, Skylark IT Solutions)တို့မှ ပါဝင်ဆွေးနွေး၍ Moderator အဖြစ် ဒေါ်လင်းလင်းတင်ထွန်း (Managing Director of Advertising, Mango Myanmar Group) မှ ဆောင်ရွက်ခဲ့ပြီး၊ အမေး အဖြေကဏ္ဍတွင် Panelists များအား တက်ရောက်လာကြသူများမှ ဆိုက်ဘာလုံခြုံရေးနှင့်ပတ် သက်ပြီး သိလိုသည့်အကြောင်းအရာများအား မေးမြန်းခဲ့ကြပါသည်။

🔹 ဆက်လက်၍ အသိပညာမျှဝေခြင်းအစီအစဉ်ကို ကျင်းပရာ ဒေါ်မေဖြိုးဖြိုးဇော် (Head of Cybersecurity & IT Governance, Yoma Bank) နှင့် ဒေါ်မေဦးခိုင် (Chief Information Security Officer, Wave Money)တို့မှ လုံခြုံစိတ်ချရသော ဒီဂျစ်တယ်ငွေပေးချေမှုဆိုင်ရာ သိကောင်းစရာ ခေါင်းစဉ်နှင့်ပတ်သက်၍ အသိပညာဗဟုသုတများကို ဝေမျှခဲ့ပါသည်။

🔹 ထို့နောက် ဒေါ်ခိုင်ဝေသွယ် (Chief Corporate Affairs Officer, Wave Money)မှ နိဂုံးချုပ်အမှာ စကားပြောကြား၍ Surprise Program အနေဖြင့် လူကိုယ်တိုင်တက်ရောက်သူများနှင့် Zoom Online ဖြင့် တက်ရောက်လာကြသူများအား မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန် ယက် – Myanmar Women Entrepreneurs Network (MYANWEN)မှ ပေးအပ်သည့် “Digital Marketing Communications Tactics and Best Practices” Online သင်တန်းအား ကံစမ်းမဲနှိုက်၍ လက်ဆောင်များပေးအပ်ခဲ့ပြီး၊ အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးကာ အခမ်းအနား အား အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။

🔹 ထို့အပြင် MSME လုပ်ငန်းရှင်များ၏ စိတ်ဝင်စားဖွယ် ပြည်တွင်းထုတ်ကုန်ပစ္စည်းများကိုလည်း ခင်းကျင်းပြသရောင်းချပေးခဲ့ပါသည်။

Related Articles

27 April 2024

Polish Pathways Series...

မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် – Myanmar Women...

ဆက်ဖတ်ရန်

Happy Myanmar New...

မြန်မာ့နှစ်သစ်ကူးအခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်...

ဆက်ဖတ်ရန်
09 April 2024

MYANWEN MSME Spotlight

Thiri Aung Mudra Myay Co.,Ltd...

ဆက်ဖတ်ရန်