𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗪𝗼𝗺𝗲𝗻’𝘀 𝗗𝗮𝘆 𝟮𝟬𝟮𝟰 အထိမ်းအမှတ် “𝗘𝗺𝗽𝗼𝘄𝗲𝗿 𝗛𝗘𝗥” အခမ်းအနားအား မန္တလေးမြို့တွင် အောင်မြင်စွာ ကျင်းပခဲ့ခြင်း။

10 March 2024

မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် – Myanmar Women Entrepreneurs Network (MYANWEN) သည် “International Women’s Day (IWD) 2024” အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ နေ့ကို ဂုဏ်ပြုသောအားဖြင့် Business and Professional Women Federation Myanmar (BPW Myanmar) နှင့်အတူ ဦးစီးကျင်းပကာ Myanma Tourism Bank, City Mart Holdings Co., Ltd, Mingalar Mandalay Hotel တို့မှ ပူးပေါင်းပါဝင်ပံ့ပိုးထားသည့် “Empower HER” အခမ်းအနားကို ၂၀၂၄ခုနှစ်၊ မတ်လ (၁၀) ရက်နေ့တွင် မန္တလေးမြို့ Mingalar Mandalay Hotel (Thazin Ballroom) ၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီးဒေါ်ခင်မမ ၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းဌေး ၊ မန္တလေးတိုင်းဒေသကြီး တရားသူကြီးချုပ် ဝဏ္ဏကျော်ထင် ဒေါ်ခင်သင်းဝေ၊ ဝဏ္ဏကျော်ထင် သီရိပျံချီ ဦးမောင်ကို၊ မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) ၏ နာယက ဒေါက်တာ ဝင်းမင်းသစ်နှင့် မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) ၏ နာယက ဒေါ်လှလှဝေ၊ မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN)၏ ဥက္ကဋ္ဌနှင့် Business and Professional Women (BPW Myanmar)၏ ဥက္ကဋ္ဌ ဒေါက်တာစုလှဟန်၊ မန္တလေးတိုင်း ဒေသကြီး မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN)၏ ဥက္ကဋ္ဌ ဒေါ်မာလာမြင့်၊ Myanma Tourism Bank (MTB) ၏ CEO ဦးဝင်းလွင်၊ နယူးစတားလိုက် ကုမ္ပဏီအုပ်စု မင်္ဂလာမန္တလေးဟိုတယ်၏ CEO ဒေါ်မေရင် တို့မှ အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး၊ မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) ၏ ဥက္ကဋ္ဌ ဒေါ်မာလာမြင့်မှ အဖွင့်အမှာစကားပြောကြား၍ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) ၏ ဥက္ကဋ္ဌနှင့် Business and Professional Women (BPW Myanmar)၏ ဥက္ကဋ္ဌ ဒေါက်တာ စုလှဟန်မှ Keynote Speech ပြောကြားခဲ့ပါသည်။ MYANWEN ၏ ဒုတိယ ဥက္ကဋ္ဌနှင့် Business and Professional Women (BPW Yangon)၏ ဥက္ကဋ္ဌ ဒေါ်စုစုတင်မှ Business and Professional Women (BPW) အကြောင်းကို ရှင်းလင်းပြောကြား၍ Myanma Tourism Bank (MTB) ၏ CEO ဦးဝင်းလွင်မှာ အမှာစကားပြောကြားပြီး၊ Alpha Power Engineering Co., Ltd ၏ Executive Director နှင့် MYANWEN ၏ CEC ဖြစ်သူ ဒေါ်သူဇာဝင်းမှ Inclusive Leadership : Introduction to Corporate Governance ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။

ဆက်လက်၍ စကားဝိုင်းဆွေးနွေးပွဲအား ကျင်းပရာ Building an Inclusive Tomorrow ခေါင်းစဉ်ဖြင့် ဒေါက်တာ ကောင်းလွန်း – Ph.D, Management, Principal – Brain Box Acumen School of Management, Mandalay မှ Moderator အနေဖြင့် ဆောင်ရွက်ခဲ့ပြီး၊ Panelists များအဖြစ် ဦးဝင်းလွင် – CEO, Myanma Tourism Bank (MTB), ဒေါက်တာအေးအေးမာ – Founder-cum-Academic Director, Business Institute Yangon ဒေါ်ရတနာဇော် – CEO-Founder, Golden Vision Myanmar Co., Ltd., CEC-MYANWEN, ဒေါ်စိမ်းမို့ – Board of Director, Aung Thamardi Gold, Jewelry Shop & Refinery, ဒေါ်ဝင်းလဲ့မြရည်စံ – Founder & CEO, The Inspiration, EC, MYANWEN, ဒေါ်သီတာဝင်း – Chief Executive Officer, Plan Bee Social Enterprise တို့မှ သူတို့၏ အတွေ့ အကြုံများ၊ အသိပညာ ဗဟု သုတများကို ဆွေးနွေးမျှဝေခဲ့ကြရာ တက်ရောက်လာကြသူများမှ သိရှိလိုသည် များအား မေးမြန်းခဲ့ကြပါသည်။ မြန်မာစီးပွားရေး လုပ်ငန်းရှင်အမျိုးသမီးများကွန်ယက် (MYANWEN) ၏ အထွေထွေ အတွင်းရေးမှူး ဒေါ်ယဉ်ယဉ်အေးမှ နိဂုံးချုပ်စကား ပြောကြားခဲ့ပါသည်။

အဆိုပါ IWD 2024 မန္တလေးမြို့ Mingalar Mandaly Hotel (Thazin Ballroom) တွင် ကျင်းပခဲ့သည့် အခမ်းအနား တွင်လည်း အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းရှင်များ၏ ပြည်တွင်းဖြစ် ထုတ်ကုန်ပစ္စည်းများဖြစ်သည့် စားသောက်ကုန်၊ လူသုံးကုန်၊ အဝတ်အထည် အစရှိသည့်ပစ္စည်းများ ခင်းကျင်းပြသထားသည့် MYANWEN Marketplace ကိုလည်း တက်ရောက်လာကြသည့် ဧည့်သည်တော်များမှ စိတ်ဝင်တစား ကြည့်ရှုအား ပေးခဲ့ကြပါသည်။

“International Women’s Day (IWD) 2024” Empower HER အခမ်းအနား မန္တလေးမြို့၊ Mingalar Mandalay Hotel (Thazin Ballroom) တွင် စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အဓိကပါဝင်ပံ့ပိုးခဲ့ ကြသည့် Myanma Tourism Bank နှင့် Mingalar Mandalay Hotel နှင့်အတူ ပံ့ပိုးကူညီထားကြသည့် အမျိုးသမီး ဦးဆောင်သော လုပ်ငန်းများဖြစ်သည့် Aung Thamardi Gold & Jewellery, စိန်နန်းတော် Diamonds & Fine Jewelry, Great Diamond (Gold & Jewellery), Three Stars (ငြုပ်၊ သီးနှံခြောက်နှင့် အမှုန့်အမျိုးမျိုး)၊ Shining Star (Gems & Jewellery), SP Bakery, ငွေကျားတိုက် (Sillver Tiger Group of Companies), A1 (A1 Plastics Trading Co., Ltd), Smile (Preserved Fruits & Jelly), Ma Haw Khin (Silk & Textiles)နှင့် ပါဝင်ပြသရောင်း ချခဲ့သော MSMEs လုပ်ငန်းရှင်များနှင့် တက်ရောက်လာကြသူများအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

Related Articles

Happy Myanmar New...

မြန်မာ့နှစ်သစ်ကူးအခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်...

ဆက်ဖတ်ရန်
09 April 2024

MYANWEN MSME Spotlight

Thiri Aung Mudra Myay Co.,Ltd...

ဆက်ဖတ်ရန်
06 April 2024

Corporate Governance for...

မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်-Myanmar Women Entrepreneurs...

ဆက်ဖတ်ရန်