𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗪𝗼𝗺𝗲𝗻’𝘀 𝗗𝗮𝘆 𝟮𝟬𝟮𝟰 အထိမ်းအမှတ် “𝗘𝗺𝗽𝗼𝘄𝗲𝗿 𝗛𝗘𝗥” အခမ်းအနားအား မန္တလေးမြို့ Mingalar Mandalay Hotel တွင် ကျင်းပမည့် အစီအစဉ်

10 March 2024

၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ (International Women’s Day 2024) ကို ကြိုဆို ဂုဏ်ပြု သောအားဖြင့် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) နှင့် Business and Professional Women Federation Myanmar (BPW Myanmar)တို့မှ ဦးစီးကျင်းပ၍ Myanma Tourism Bank, City Mart Holdings Limited နှင့် Mingalar Mandalay တို့မှ ပူးပေါင်းပံ့ပိုးထားသည့် “Empower Her” International Women’s Day 2024 အခမ်းအနားကို မန္တလေးမြို့တွင်လည်း Expert Talk, Inspirational Speakers နှင့် Products & Food Fair များဖြင့် စိတ်ဝင်စားဖွယ် ကျင်းပသွားမှာဖြစ်ပါတယ်။

အဆိုပါ အခမ်းအနားတွင် 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗪𝗼𝗺𝗲𝗻’𝘀 𝗗𝗮𝘆 𝟮𝟬𝟮𝟰 အထိမ်းအမှတ် “𝗘𝗺𝗽𝗼𝘄𝗲𝗿 𝗛𝗘𝗥” စကားဝိုင်း အစီအစဉ်လည်း ပါဝင်ပြီး ကဏ္ဍပေါင်းစုံမှအောင်မြင်နေသော စီးပွါးရေးလုပ်ငန်းရှင်မျာ:မှ “Building an Inclusive Tomorrow”ခေါင်းစဉ်ဖြင့် ဆွေးနွေး သွားမည်ဖြစ်ပါသည်။

စကားဝိုင်းတွင်

ဦးကောင်းလွန်း – Ph.D, Management, Principal – Brain Box Acumen School of Management, Mandalay မှModerator အနေဖြင့် ဆောင်ရွက်ကာ Panelists များအဖြစ် ဦးဝင်းလွင် – CEO, Myanma Tourism Bank (MTB), ဒေါက်တာအေးအေးမာ – Founder-cum-Academic Director, Business Institute Yangon ဒေါ်ရတနာဇော် – CEO-Founder, Golden Vision Myanmar Co., Ltd., CEC, MYANWEN, ဒေါ်စိမ်းမို့ – Board of Director, Aung ThamarDi Gold, Jewelry Shop & Refinery, ဒေါ်ဝင်းလဲ့မြရည်စံ – Founder & CEO, The Inspiration, EC, MYANWEN, Daw Thidar Win – Chief Executive Officer, Plan Bee Social Enterprise တို့မှ အတွေ့အကြုံများ၊ အသိပညာ ဗဟုသုတများ ဆွေးနွေးမျှဝေကြမည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူမည်သူမဆို အခမဲ့ တက်ရောက်လေ့လာနိုင်ကြပါရန်အတွက် ဖိတ်ကြားအပ်ပါတယ်ရှင့်။

🗓️နေ့ရက်- ၂၀၂၄ ခုနှစ်၊ မတ်လ (၁၀)ရက် (တနင်္ဂနွေနေ့)

🕣 အချိန်- နံနက် (၈:၃၀) နာရီမှ မွန်းတည့် (၁၂:၀၀) နာရီအထိ

📍နေရာ- Mingalar Mandalay Hotel (Thazin Ballroom)

Related Articles

Happy Myanmar New...

မြန်မာ့နှစ်သစ်ကူးအခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်...

ဆက်ဖတ်ရန်
09 April 2024

MYANWEN MSME Spotlight

Thiri Aung Mudra Myay Co.,Ltd...

ဆက်ဖတ်ရန်
06 April 2024

Corporate Governance for...

မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်-Myanmar Women Entrepreneurs...

ဆက်ဖတ်ရန်