“𝐖𝐨𝐦𝐞𝐧 𝐢𝐧 𝐌𝐚𝐧𝐮𝐟𝐚𝐜𝐭𝐮𝐫𝐢𝐧𝐠 𝐄𝐧𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫𝐬𝐡𝐢𝐩 𝐏𝐫𝐨𝐠𝐫𝐚𝐦” (WIMEP) “ရေရှည်ဖွံ့ဖြိုး ကုန်ထုတ်တိုးမည့် အမျိုးသမီးလုပ်ငန်းရှင်အစီအစဉ်”(WIMEP) ၏ THE VICTORY Business Plan Competitionပြိုင်ပွဲအခမ်းအနား

20 January 2024

မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် – Myanmar Women Entrepreneurs Network (MYANWEN) နှင့် uab bank တို့ ပူးပေါင်းပြုလုပ်သည့် Women in Manufacturing Entrepreneurship Program ၏ THE VICTORY, Business Plan Competition ပြိုင်ပွဲအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်နေ့တွင် Lotte Hotel, Sapphire Ballroom ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။

အခမ်းအနားကို မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် – Myanmar Women Entrepreneurs Network (MYANWEN) ၏ နာယက ဒေါ်ခိုင်ခိုင်နွယ်မှ အဖွင့်အမှာစကားချီးမြှင့်ပြောကြားခဲ့ပြီး၊ MYANWEN ၏ ဥက္ကဋ္ဌ ဒေါက်တာ စုလှဟန် မှ MYANWEN လုပ်ငန်းစဉ်များအားရှင်းလင်း ပြောကြားကာ uab bank ၏ Head of SME Lending ဒေါ်ဂျူးဆုရတနာတို့မှ လည်း ပူးပေါင်းပံ့ပိုးရတဲ့ရည်ရွယ်ချက်များအား အသီးသီး ပြောကြားခဲ့ကြ ပါသည်။

THE VICTORY, Business Plan Competition ပြိုင်ပွဲတွင် အကဲဖြတ် ဒိုင်လူကြီးများအဖြစ်

>> ဦးရဲမြင့်မောင် (Chairman, Myanmar Belle Group),

>> ဦးညီညီအောင် @ Alex (Head of Communication & Corporate Affairs for Unilever Myanmar, Cambodia and Laos),

>> ဒေါ်မေမြတ်မွန်ဝင်း (General Manager, Chatrium Hotel Royal Lake Yangon),

>> ဦးအောင်ခိုင်ထွေး (Managing Director, Smile Happy Co., Ltd),

>> ဒေါ်မိုးသန္တာဝင်း (Managing Director, Momentum Plus Co., Ltd Events & Brand Activation),

>> ဦးအောင်ထက်ဟန် (Managing Director, Fortune Six Co., Ltd),

>> ဒေါ်နွယ်နွယ်ဝင်း (Head of Corporate Banking, Corporate Banking Department, uab Bank), တို့မှ ဆောင် ရွက်ပေးခဲ့ကြပါသည်။

MYANWEN ၏ အထွေထွေအတွင်းရေးမှူး ဒေါ်ယဉ်ယဉ်အေးမှ Women in Manufacturing Entrepreneurship Program ဆောင်ရွက်ခဲ့မှုများနှင့် ချီးမြှင့်မည့်ဆုများအကြောင်း ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲဝင် (၁၅) ဦးမှ အသီး သီး ယှဉ်ပြိုင်ကြပါသည်။

ထို့နောက် Women in Manufacturing Entrepreneurship Program တွင် ပါဝင်ပံ့ပိုးပေးခဲ့ကြသည့် Mentors များ၊ Speakers များ၊ Service Providers များနှင့် အကဲဖြတ် ဒိုင်လူကြီးများကို အမှတ်တရ လက်ဆောင် များပေးအပ်ကာ သင်တန်းသူများအား သင်တန်းပြီးဆုံးကြောင်း Certificate of Completion လက်မှတ်များ ချီးမြှင့်ကာ THE VICTORY, Business Plan Competition ပြိုင်ပွဲ၏ Award Titles များအား ချီးမြှင့်ခဲ့ရာ

>> Best Practices in Manufacturing Award ဆုအား Ma Nang Hseng Siri Aung (ဝုန်းဝမ်းတိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး) မှလည်းကောင်း၊

>> Sustainable Manufacturing Award ဆုအား Daw Htoo Thant Sin (Bay Dar & Co) မှ လည်းကောင်း၊

>> Business Transformation Award ဆုအား Ma Khin Wadi Maung Maung (ဒိုင်းမွန်း တွင်ခုံနှင့် စလစ်လုပ်ငန်း) မှ လည်းကောင်း၊

>> Innovation in Manufacturing Award ဆုအား Ma Ei Ei Phyo Zaw (ဆွေကြီးမျိုးကြီး)မှ လည်းကောင်း၊

>> City Mart Holding Co., Ltd မှ ချီးမြှင့်သည့်

Women Empowerment Award ဆုအား Ma Tin Yu Nwe (ရွှေတောင်ညိုကြီး) တို့မှ

အသီးသီးထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိသွားကြပြီး၊ အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးကာ အခမ်းအနားအား အောင်မြင်စွာကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းရှင်များ၏ ဒေသအသီးသီးမှ ပြည်တွင်းထုတ်ကုန် ပစ္စည်းများကိုလည်း ခင်းကျင်းပြသ ရောင်းချပေးခဲ့ရာ တက်ရောက်လာကြသည့် လူကြီးမင်းများနှင့် ဧည့်သည်တော်များမှ ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပါသည်။

#myanwen

Related Articles

Happy Myanmar New...

မြန်မာ့နှစ်သစ်ကူးအခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်...

ဆက်ဖတ်ရန်
09 April 2024

MYANWEN MSME Spotlight

Thiri Aung Mudra Myay Co.,Ltd...

ဆက်ဖတ်ရန်
06 April 2024

Corporate Governance for...

မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်-Myanmar Women Entrepreneurs...

ဆက်ဖတ်ရန်