ဩဂုတ်လ (၂၉)ရက်မှ စက်တင်ဘာလ (၄) ရက်နေ့အထိ Junction City တွင် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် – Myanwen (Myanmar Women Entrepreneurs Network ) မှ အသေးစား ၊ အငယ်စား လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရန်အတွက် ရည်ရွယ်ပြီး Made in Myanmar Local Made Products အရောင်းမြှင့်တင်ပွဲ

04 Sep 2022

ဩဂုတ်လ (၂၉)ရက်မှ စက်တင်ဘာလ (၄) ရက်နေ့အထိ Junction City တွင် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် – Myanwen (Myanmar Women Entrepreneurs Network ) မှ အသေးစား ၊ အငယ်စား လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရန်အတွက် ရည်ရွယ်ပြီး Made in Myanmar Local Made Products အရောင်းမြှင့်တင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ပါဝင်ပြသ ရောင်းချပေးခဲ့ကြသည့် အငယ်စား ၊ အသေးစားလုပ်ငန်းရှင်များနှင့် ပြည်တွင်းဖြစ် ပစ္စည်းများအားနှစ်သက်စွာဖြင့် ဝယ်ယူအားပေး သူများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။ ဆိုင်ခန်းများ ပြသရောင်းချခဲ့သော အငယ်စား၊ အ‌သေးစား လုပ်ငန်းရှင်များမှ Myanwen ၏ ပြည်တွင်း MSME လုပ်ငန်းများဖွံဖြိုးတိုးတက်မှု အတွက် စေတနာအပြည့်ဖြင့် ပါဝင်ပံ့ပိုးကြသည့်အတွက်လည်း အထူးကျေးဇူးတင်ရှိပါသည်။ MSME လုပ်ငန်းရှင်များ၏ လုပ်ငန်းများလည်း ဈေးကွက် ပိုမိုရရှိပြီး ဒီထက်မက ပိုမိုအောင်မြင်ကြပါစေလို့ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် – Myanwen (Myanmar Women Entrepreneurs Network ) မှ ဆုမွန်ကောင်းတောင်းလိုက်ပါသည်

Related Articles

Happy Myanmar New...

မြန်မာ့နှစ်သစ်ကူးအခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်...

ဆက်ဖတ်ရန်
09 April 2024

MYANWEN MSME Spotlight

Thiri Aung Mudra Myay Co.,Ltd...

ဆက်ဖတ်ရန်
06 April 2024

Corporate Governance for...

မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်-Myanmar Women Entrepreneurs...

ဆက်ဖတ်ရန်