မြန်မာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် Myanmar Women Entrepreneurs Network (MYANWEN)နှင့် uab Bank တို့မှ ပူးပေါင်းပံ့ပိုးထားသည့် “Women in Manufacturing Entrepreneurship Program (WIMEP)” ၏ “Workshop on Powerful Public Speaking tips to Boost Your Pitching Skill” ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နှင့် (၅) ရက်တွင် uab Office Tower (Time City) ၌ ကျင်းပခဲ့ပါသည်။

04 January 2024

WIMEP အစီအစဉ်သည် ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် ဦးဆောင်လုပ်ကိုင်နေသော အမျိုးသမီး စီးပွား ရေး လုပ်ငန်းရှင်များအတွက် စီးပွားရေးနှင့် စီမံခန့်ခွဲမှု အရည်အသွေးကို တိုးမြှင့်ပေးရန် သက်ဆိုင်ရာ ဘာ သာရပ်များ သင်ကြားပို့ချခြင်းနှင့် ဆွေးနွေးတိုင်ပင်ခြင်း (Mentorship)နှင့်အတူ လုပ်ငန်းအခြေအနေ များနှင့်အညီ မိမိတို့ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ရေရှည်တည်တံ့သွားနိုင်စေရန်အတွက် ရည်ရွယ်ပါ သည်။ အဆိုပါ ရည်ရွယ်ချက်နှင့်အညီ မိမိတို့ MYANWEN အနေဖြင့် သင်တန်းသူများအား သက်ဆိုင်ရာ ဘာသာရပ်များ သင်ကြားပို့ချပေးခြင်း၊ Mentorship များပေးခြင်း၊ Seminar များ၊ Workshop များ၊ လုပ်ငန်း၏ စီးပွားရေး စီမံချက်များ(Business Plan) ပြင်ဆင်ရေးဆွဲခြင်းများအပြင် Public Speaking Skills နှင့် Pitching Skills များ တိုးတက်မြှင့်တင်သွားနိုင်စေရန်အတွက် “Workshop on Powerful Public Speaking tips to Boost Your Pitching Skill” ကို ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည် နယ်၊ ရှမ်းပြည်နယ်အသီးသီးမှ သင်တန်းသူများ တက်ရောက်ခဲ့ကြ၍ Workshop အား အောင်မြင်စွာ ရုတ် သိမ်းခဲ့ပါသည်။

#MYANWEN

Related Articles

Happy Myanmar New...

မြန်မာ့နှစ်သစ်ကူးအခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်...

ဆက်ဖတ်ရန်
09 April 2024

MYANWEN MSME Spotlight

Thiri Aung Mudra Myay Co.,Ltd...

ဆက်ဖတ်ရန်
06 April 2024

Corporate Governance for...

မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်-Myanmar Women Entrepreneurs...

ဆက်ဖတ်ရန်