မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN)နှင့် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင် လုပ် ငန်းရှင်များအသင်း (MYEA)တို့အကြား နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးခြင်းနှင့် MYANWEN နှင့် MYEA တို့ ပူးပေါင်းကျင်းပည့် ကမ္ဘာ့စွန့်ဦးတီထွင် ရက်သတ္တပတ် (Global Entrepreneurship Week – GEW 2023) အထိမ်း အမှတ်အဖြစ် “Thriving in Uncertainty” Entrepreneurship Dialogue Session စကားဝိုင်း ဆွေးနွေးပွဲ အခမ်းအနား

မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN)နှင့် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင် လုပ်ငန်း ရှင်များအသင်း (MYEA)တို့အကြား နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးခြင်းနှင့် MYANWEN နှင့် MYEA တို့ ပူး ပေါင်းကျင်းပသည့် ကမ္ဘာ့စွန့်ဦးတီထွင် ရက်သတ္တပတ် (Global Entrepreneurship Week – GEW 2023) အထိမ်း အမှတ်အဖြစ် “Thriving in Uncertainty” Entrepreneurship Dialogue Session စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက် (စနေနေ့)၊ နံနက် (၁၀:၀၀) နာရီတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မင်္ဂလာခန်းမတွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ ဥက္ကဋ္ဌ ဦးအေးဝင်းမှ အဖွင့်အမှာစကားချီးမြှင့်ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) ၏ ဒုတိယ ဥက္ကဋ္ဌ ‌ဒေါက်တာစုလှဟန် နှင့် မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း (MYEA) ၏ ဥက္ကဋ္ဌ ဒေါ်သင်းသင်းကျော်တို့မှ ကြိုဆိုနှုတ်ခွန်းဆက် စကားကို အသီးသီးပြောကြားခဲ့ပါသည်။

ထို့နောက် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) နှင့် မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီ ထွင် လုပ်ငန်းရှင်များအသင်း (MYEA)တို့အကြား နားလည်မှုစာချွန်လွှာကို မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီး များကွန်ယက် (MYANWEN) ၏ ဒုတိယဥက္ကဋ္ဌ ‌ဒေါက်တာစုလှဟန်နှင့် မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်း ရှင်များအသင်း (MYEA)၏ ဥက္ကဋ္ဌ ဒေါ်သင်းသင်းကျော် တို့က UMFCCI ၏ ဥက္ကဌ ဦးအေးဝင်း၊ မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN)၏ နာယကများဖြစ်ကြသော ဒေါက်တာဒေါ်ခင်စန်းရီနှင့် ဒေါ်စန္ဒာခင်တို့၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး အသိသက်သေများအဖြစ် မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN)၏ အလုပ်အမှုဆောင် ဒေါက်တာခင်သိင်္ဂီလှမောင်နှင့် ‌မြန်မာနိုင်ငံ လူငယ်စွန့် ဦးတီထွင် လုပ်ငန်းရှင်များအသင်း (MYEA) ၏ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာသီသီခိုင်တို့မှ ပြုလုပ်ပေးခဲ့ပါ သည်။ ထို့နောက် မြန်မာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN)၏ ဗဟိုအလုပ်အမှုဆောင် ဒေါ်လင်းလင်းတင် ထွန်းမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။

အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အနေဖြင့် Global Entrepreneurship Week 2023 ကို ဂုဏ်ပြုသောအားဖြင့် “ Thriving in Uncertainty” Entrepreneurship Dialogue Session အား ဆက်လက်ကျင်းပရာ မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) ၏ ဂုဏ်ထူးဆောင်နာယက ဒေါက်တာ ဒေါ်ခင်စန်းရီမှ အသိပညာပေးစကား ချီးမြှင့်ခဲ့ပြီး၊ Moderator အဖြစ် ဒေါ်ရတနာဇော် (CEO-Founder, Golden Vision Myanmar Co., Ltd) မှ ဆောင်ရွက်ကာ Panelist များအဖြစ် ဦးမျိုးကျော်သူ (Co-founder, May Lay Mart Retail Store)၊ ဦးစည်သူဟိန်း @ Steven (Director, Sinma Group of Companies)၊ ဦးအောင်ထက်ဟန် (Managing Director, Fortune Six CO., LTD) ၊ ဒေါ်ထူးသန့်စင် (Founder of BAY DAR & CO, Principle Consultant of Panellist Business Services)၊ ဒေါ်အိမ့်မျက်သွယ် @ Gloria (Founder & CEO, BB Food Myanmar Ltd)၊ ဒေါ်တင်ယုနွယ် (Co-founder & Operation Director, Shwe Taung Nyo Gyi Co., Ltd) တို့မှ “ Thriving in Uncertainty” နှင့် ပတ်သက်၍ အတွေ့အကြုံများကို မျှဝေဆွေးနွေးကြပြီး၊ တက်ရောက်လာကြသူများမှ သိလိုသည်များအား မေးမြန်း ကြပါသည်။

အဆိုပါ အခမ်းအနားမစတင်မှီ တာဝန်ရှိလူကြီးများနှင့် တက်ရောက်လာကြသည့် ဧည့်သည်များမှ နယ်ပယ်အသီးသီးရှိ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းရှင်များ၏ ပြည်တွင်းဖြစ် ထုတ်ကုန်ပစ္စည်းများ ဖြစ်သည့် စားသောက်ကုန်၊ လူသုံးကုန်၊ အဝတ်အထည်အစရှိသည့်ပစ္စည်းများ ခင်းကျင်းပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။

#myanwen

Related Articles

Happy Myanmar New...

မြန်မာ့နှစ်သစ်ကူးအခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်...

ဆက်ဖတ်ရန်
09 April 2024

MYANWEN MSME Spotlight

Thiri Aung Mudra Myay Co.,Ltd...

ဆက်ဖတ်ရန်
06 April 2024

Corporate Governance for...

မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်-Myanmar Women Entrepreneurs...

ဆက်ဖတ်ရန်