မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် – Myanmar Women Entrepreneurs Network (MYANWEN) နှင့် Farmers Development Bank (FDB Bank) တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းအခမ်းအနား

03 April 2024

မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) နှင့် Farmers Development Bank (FDB Bank) တို့အကြား နားလည်မှု စာချွန်လွှာကို MYANWEN အဖွဲ့ဝင်များနှင့် အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများ (MSMEs) ၏ စီးပွားရေးလုပ်ငန်းများ ရှင်သန်ကြီးထွားလာစေရန်နှင့် ငွေကြေးအထောက်အပံ့များ ရရှိစေနိုင်ရေးတို့ကို အဓိက ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ ဧပြီလ (၃) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် – Myanmar Women Entrepreneurs Network (MYANWEN) ၏ ဥက္ကဋ္ဌ ဒေါက်တာစုလှဟန်မှ ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြား၍ Farmers Development Bank (FDB Bank) ၏ Chief Operating Officer Mr. Freddy Lee မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် MYANWEN ၏ ဥက္ကဋ္ဌ ဒေါက်တာစုလှဟန်နှင့် FDB Bank ၏ Chief Operating Officer Mr. Freddy Lee, အသိသက်သေများအဖြစ် MYANWEN ၏ အလုပ်အမှုဆောင် ဒေါက်တာမျိုးပပအောင်၊ FDB Bank ၏ Senior General Manager ဦးဝေဖြိုးဦးတို့မှ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပြီး၊ MYANWEN ၏ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာ အေးအေးမာမှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) အနေဖြင့် ယခုရေးထိုးခဲ့သည့် နား လည်မှု စာချွန်လွှာမှတစ်ဆင့် အဖွဲ့အစည်း(၂)ခုလုံး၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များကို ဖော်ဆောင်ရာ တွင် အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့် စွန့်ဦးတီထွင် မြန်မာအမျိုးသမီး စီးပွားရေး လုပ်ငန်းရှင်များနှင့် အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများ (MSMEs) ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ရန်အတွက် ဆန်းသစ်တီထွင်မှုနှင့် လုပ်ငန်းများချဲ့ထွင်ရာတွင် ငွေကြေး အထောက် အပံ့များ၊ အကြံဉာဏ်များ ပံ့ပိုးကူညီသွားမည်ဖြစ်ပါသည်။

#myanwen

Related Articles

Happy Myanmar New...

မြန်မာ့နှစ်သစ်ကူးအခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်...

ဆက်ဖတ်ရန်
09 April 2024

MYANWEN MSME Spotlight

Thiri Aung Mudra Myay Co.,Ltd...

ဆက်ဖတ်ရန်
06 April 2024

Corporate Governance for...

မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်-Myanmar Women Entrepreneurs...

ဆက်ဖတ်ရန်