မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် – Myanmar Women Entrepreneurs Network (MYANWEN) နှင့် City Holdings Limited (CHL) တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းအခမ်းအနား

8 March 2024

မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) နှင့် City Holdings Limited (CHL) တို့အကြား နားလည်မှု စာချွန်လွှာကို အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဈေးကွက်အခွင့်အလမ်းများ ရရှိစေနိုင်ရေးတို့ကို အဓိက ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ မတ်လ (၈) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် – (MYANWEN) ၏ ဥက္ကဋ္ဌ ဒေါက်တာစုလှဟန်နှင့် City Holdings Limited (CHL) ၏ Group Chief People Officer ဒေါ်ပွင့်ဖြူ ဟန်တို့မှ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပြီး၊ အသိသက်သေများအဖြစ် MYANWEN ၏ ဗဟိုအလုပ်အမှုဆောင် ဒေါ်ခင်မီမီလှိုင်၊ City Holdings Limited (CHL) ၏ Group Corporate Affairs Director ဦးဝင်းမြင့်အောင်တို့မှ လက်မှတ်ရေးထိုးခဲ့ကြပါသည်။

မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) အနေဖြင့် ယခုရေးထိုးခဲ့သည့် နား လည်မှု စာချွန်လွှာမှတစ်ဆင့် အဖွဲ့အစည်း(၂)ခုလုံး၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များကို ဖော်ဆောင်ရာ တွင် အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့် စွန့်ဦးတီထွင် မြန်မာအမျိုးသမီး စီးပွားရေး လုပ်ငန်းရှင်များနှင့် အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများ (MSMEs) နိုင်ငံတကာအဆင့်အထိ ‌ဈေးကွက်အခွင့်အလမ်းများ ဖော်ဆောင်ရာတွင် လိုအပ်သည့် အကြံဉာဏ်များကို ပံ့ပိုး ကူညီသွားမည်ဖြစ်ပါသည်။

Related Articles

Happy Myanmar New...

မြန်မာ့နှစ်သစ်ကူးအခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်...

ဆက်ဖတ်ရန်
09 April 2024

MYANWEN MSME Spotlight

Thiri Aung Mudra Myay Co.,Ltd...

ဆက်ဖတ်ရန်
06 April 2024

Corporate Governance for...

မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်-Myanmar Women Entrepreneurs...

ဆက်ဖတ်ရန်