မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် – Myanmar Women Entrepreneurs Network (MYANWEN) နှင့် မြန်မာ့ခရီးသွားဘဏ် – Myanma Tourism Bank (MTB) တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနား

11 Feb 2024

မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) နှင့် မြန်မာ့ခရီးသွားဘဏ် (MTB) တို့အကြား နားလည်မှု စာချွန်လွှာကို အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုး တိုးတက်ရေးနှင့် မြန်မာ့လူမှု့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အကူပြုနိုင်ရန်အတွက် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် – (MYANWEN) ၏ ဥက္ကဋ္ဌ ဒေါက်တာစုလှဟန်နှင့် မြန်မာ့ခရီးသွားဘဏ် (MTB)၏ CEO ဦးဝင်းလွင်တို့မှ နားလည်မှု စာချွန် လွှာကို လက်မှတ်ရေးထိုးခဲ့ကြပြီး၊ အသိသက်သေများအဖြစ် MYANWEN ၏ အထွေထွေ အတွင်းရေးမှူး ဒေါ်ယဉ်ယဉ်အေးနှင့် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာအေးအေးမာ၊ မြန်မာ့ခရီးသွားဘဏ်၏ Executive Director ဒေါ်သိင်္ဂီလင်းမှ လက်မှတ်ရေးထိုးခဲ့ကြပါသည်။

မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) အနေဖြင့် ယခုရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာမှတစ်ဆင့် အဖွဲ့အစည်း(၂)ခုလုံး၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များကို ဖော်ဆောင်ရာတွင် အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ စွမ်းဆောင်ရည်မြင့်မားသည့် မြန်မာအမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များနှင့် အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများ (MSMEs) အတွက် ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာကိစ္စရပ်များတွင် လိုအပ်သည့် အကြံဉာဏ်များကို ပံ့ပိုးကူညီသွားမည်ဖြစ်ပါသည်။

#myanwen

Related Articles

Happy Myanmar New...

မြန်မာ့နှစ်သစ်ကူးအခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်...

ဆက်ဖတ်ရန်
09 April 2024

MYANWEN MSME Spotlight

Thiri Aung Mudra Myay Co.,Ltd...

ဆက်ဖတ်ရန်
06 April 2024

Corporate Governance for...

မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်-Myanmar Women Entrepreneurs...

ဆက်ဖတ်ရန်