မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် Myanmar Women Entrepreneurs Network (MYANWEN) နှင့် uab bank တို့ ပူးပေါင်းပံ့ပိုးသည့် StartUp Ignite Bootcamp for Young Women Entrepreneurs Program

12 January 2024

StartUp Ignite Bootcamp သင်တန်းသည် uab bank နှင့် မြန်မာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် – Myanmar Women Entrepreneurs Network (MYANWEN) တို့ ပူးပေါင်း၍ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း စတင် လုပ်ကိုင်လိုသူ၊ လုပ်ငန်းစတင်လုပ်ကိုင်ကာစ အမျိုးသမီးများအတွက် စွမ်းရည်မြှင့်တင်မှု၊ လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ပြီး အောင်မြင်နိုင်ရန် လိုအပ်သည့် အသိပညာဗဟုသုတများ ကူညီပံ့ပိုးပေးနိုင်ရန်အတွက် လျှောက်လွှာများ ခေါ်ယူခဲ့ရာ လျှောက်ထားသူအများ အပြားအနက် သင်တန်းတက်ရောက်ရန် (၅၂) ဦးကို ရွေးချယ်ကာ သင်တန်း အား uab Tower (Time City) တွင် ကျင်းပခဲ့ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) ၏ ဥက္ကဋ္ဌ ဒေါက်တာ စုလှဟန်မှ အဖွင့်အမှာစကားပြောကြားပြီး၊ uab bank ၏ Deputy CEO ဒေါ်ကျော့ကေခိုင်မှ မိတ်ဆက် စကားပြောကြားပါသည်။ အဆိုပါ သင်တန်း၏ ပထမနေ့နှင့် ဒုတိယနေ့များတွင် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခု စတင်လုပ်ကိုင်ရာတွင် သိရှိထားသင့်သည့် အခြေခံဘာသာရပ်များကို မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် (MYANWEN) ၏ ဥက္ကဋ္ဌ ဒေါက်တာ စုလှဟန်မှ Key Factors for A Successful Startup ခေါင်းစဉ်ဖြင့် သင်ကြားပို့ချခဲ့ပြီး၊ MYANWEN ၏ အလုပ်အမှုဆောင် ဒေါ်ချိုသီရိမောင် (Managing Director Malikha Power Engineering Limited)မှ How to Start A Business ခေါင်းစဉ်ဖြင့်လည်းကောင်း၊ MYANWEN ၏ အလုပ်အမှု ဆောင် ဒေါ်ဝင်းလဲ့မြရည်စံ (CEO, The Inspiration) မှ Market Dynamics Mastery: Aligning Customer Needs with Products Offerings ခေါင်းစဉ်ဖြင့်လည်းကောင်း၊ MYANWEN ၏ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာအေး အေးမာ (Founder-cum-Academic Director, Business Institute Yangon (BIY)) မှ Money Management ခေါင်းစဉ်ဖြင့်လည်းကောင်း၊ MYANWEN ၏ ဗဟိုအလုပ်အမှုဆောင် ဒေါ်ရတနာဇော် (CEO-Founder, Golden Vision Myanmar Co., Ltd) မှ The Importance of Resilience and Perseverance in Entrepreneur’s Journey ခေါင်းစဉ်များအား အသီးသီး သင်ကြားပို့ချခဲ့ပြီး၊ MYANWEN ၏ MSME အသင်းဝင်များ ဖြစ်သည့် ဒေါ်မေနှင်းဝေ (CEO & Co-Founder, Healthy & Happy Myanmar Co., Ltd), (Healthy Food Production)၊ ဒေါ်အိပိုးဖြူ (Director, Shwe Zee Kwat Food Manufacturing & Int’L Export Co., Ltd)၊ ဒေါ်ရွှေရည်ဖြိုး (Founder & CEO- TTH Myanmar Co., Ltd)၊ “ တင့်တင့်” မြန်မာ့ရိုးရာ မုန့်မျိုးစုံလုပ်ငန်းနှင့် ဒေါ်ခြူခြူး (Managing Director, Favourite Fours Co., Ltd) (Director, Snacks Mandalay Co., Ltd) တို့မှ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း အတွေ့ အကြုံများကို မျှဝေခဲ့ပြီး၊ သင်တန်းသူများမှ စိတ်ဝင်စားစွာသင်ယူကြ၍ လက်တွေ့လေ့ကျင့်ဆောင်ရွက်ခြင်းများကို တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

Related Articles

Happy Myanmar New...

မြန်မာ့နှစ်သစ်ကူးအခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်...

ဆက်ဖတ်ရန်
09 April 2024

MYANWEN MSME Spotlight

Thiri Aung Mudra Myay Co.,Ltd...

ဆက်ဖတ်ရန်
06 April 2024

Corporate Governance for...

မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်-Myanmar Women Entrepreneurs...

ဆက်ဖတ်ရန်