မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် (MYANWEN) နှင့် MSME ဖွံ့ဖြိုးတိုးတက်ရေးဌာန တို့ ပူးပေါင်းပြီး ပြုလုပ် သည့် “ MSME လုပ်ငန်းရှင် အမျိုးသမီးများ စီးပွားရေးဗျူဟာ တိုးတက်ရေး အစီအစဉ်”တွင် Kanbawza Bank Limited မှ “ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများနှင့် ပတ်သက်သည့် စီးပွားရေးဆိုင်ရာ ဘဏ် ဝန်ဆောင်မှု များ မိတ်ဆက်မှုအစီအစဉ်” ကို Vitrual အစီအစဉ်ဖြင့် ကျင်းပခြင်း

6 November 2020

(၆.၁၁.၂၀၂၀) ရက်နေ့တွင် မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) နှင့် MSME ဖွံ့ဖြိုးတိုးတက်ရေး ဌာန တို့ပူးပေါင်းပြီး ပြုလုပ်သည့် “MSME လုပ်ငန်းရှင် အမျိုးသမီးများ စီးပွားရေးဗျူဟာ တိုးတက်ရေး အစီအစဉ်” တွင် Kanbawza Bank Limited မှ “ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများနှင့် ပတ်သက်သည့် စီးပွားရေးဆိုင်ရာ ဘဏ်ဝန်ဆောင်မှုများ မိတ်ဆက်မှုအစီအစဉ်” ခေါင်းစဉ်ဖြင့် မကွေးတိုင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တို့မှ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းရှင် များ သို့ Virtual အစီအစဉ်ဖြင့် ရှင်းလင်းတင်ပြ ပေးခဲ့ပါသည်။ ထိုအစီအစဉ်တွင် MSME ဖွံ့ဖြိုး တိုးတက်ရေးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးခိုင်မှ အဖွင့်အမှာစကား ပြောကြား ပြီး မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် (MYANWEN) နာယက ဒေါ်ခိုင်ခိုင်နွယ် မှ “ အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းများ နှင့် ပတ်သက်သည့် စီးပွားရေးဆိုင်ရာ ဘဏ်ဝန်ဆောင်မှုများ မိတ်ဆက်မှုအစီအစဉ်” ကို ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ပြောကြားခဲ့ပါသည်။ ထို့နောက် Kanbawza Bank Limited မှ U Zaw Lin Aung , Senior Managing Director က Objectives and Expected outcomes ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Daw Khin Sandar Linn, Manager, Smart SME Banking Value Center က Overall Products Selected Product Features and Benefits for SMEs ခေါင်းစဉ်နှင့် Role and Responsiblities of RMs ခေါင်းစဉ်တို့ဖြင့် လည်းကောင်း၊ Daw Thiri Mon, Manager, Smart SME Banking Value Center က SME loans (Benefits, Products by investment, Eligible Criteria,Features) ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးပြောကြား ခဲ့ပြီး မကွေးတိုင်း၊ မွန်ပြည်နယ်နှင့် ကျောက်ဖြူမြို့ ၊ ရခိုင်ပြည်နယ် မှ MSME လုပ်ငန်းရှင်များ တက်ရောက်ကြပါသည်။

Related Articles

Happy Myanmar New...

မြန်မာ့နှစ်သစ်ကူးအခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်...

ဆက်ဖတ်ရန်
09 April 2024

MYANWEN MSME Spotlight

Thiri Aung Mudra Myay Co.,Ltd...

ဆက်ဖတ်ရန်
06 April 2024

Corporate Governance for...

မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်-Myanmar Women Entrepreneurs...

ဆက်ဖတ်ရန်