မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် – Myanmar Women Entrepreneurs Network (MYANWEN) နှင့် Yever/ The Lab တို့အကြားနားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်းအခမ်းအနား

26 Dec 2023

မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် – Myanmar Women Entrepreneurs Network (MYANWEN) နှင့် Yever/ The Lab တို့အကြား နားလည်မှု စာချွန်လွှာကို အသေးစား၊ အငယ်စား၊ အလတ် စား လုပ်ငန်းများ(MSMEs) ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော လုပ်ငန်းများ ပေါ်ထွန်းစေ ရေးအတွက် အဓိကရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၆) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါ သည်။

အဆိုပါ အခမ်းအနားတွင် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် – Myanmar Women Entrepreneurs Network (MYANWEN) ၏ ဥက္ကဋ္ဌ ဒေါက်တာစုလှဟန်မှ ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြား၍ Yever/ The Lab ၏ Managing Partner Mr. Nicolas Delange မှ အဖွင့်အမှာစကားပြော ကြားခဲ့ပါသည်။

ထို့နောက် MYANWEN ၏ ဥက္ကဋ္ဌ ‌ဒေါက်တာ စုလှဟန်နှင့် Yever/ The Lab ၏ Managing Partner Mr. Nicolas Delange, အသိသက်သေများအဖြစ် MYANWEN ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါက် တာ ယဉ်ဝင်းဝင်းအောင်နှင့် Yever/ The Lab ၏ Manager Mr. Hmungpi တို့မှ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပြီး၊ MYANWEN ၏ အလုပ်အမှုဆောင် ဒေါ်ခိုင်ဝေသွယ်မှ ကျေးဇူးတင်စကားပြော ကြားပါသည်။

နိဂုံးချုပ်အနေဖြင့် MYANWEN ၏ ဗဟိုအလုပ်အမှုဆောင် ဒေါ်သူဇာဝင်းမှ ယနေ့ အခမ်းအနားသို့ တက် ရောက်လာကြပါသော MYANWEN နှင့် Yever/ The Lab တို့မှ တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ရှိ ပါကြောင်း၊ ရှေ့လုပ်ငန်းစဉ်များအား ပူးပေါင်းဆောင်ရွက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ ပြောကြား၍ အခမ်းအနားအား အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။

#myanwen

Related Articles

Happy Myanmar New...

မြန်မာ့နှစ်သစ်ကူးအခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်...

ဆက်ဖတ်ရန်
09 April 2024

MYANWEN MSME Spotlight

Thiri Aung Mudra Myay Co.,Ltd...

ဆက်ဖတ်ရန်
06 April 2024

Corporate Governance for...

မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်-Myanmar Women Entrepreneurs...

ဆက်ဖတ်ရန်