မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် (MYANWEN) နှင့် MSME ဖွံ့ဖြိုး တိုးတက်ရေး ဌာန တို့ ပူးပေါင်းပြီး ပြုလုပ် သည့် “MSME လုပ်ငန်းရှင် အမျိုးသမီးများ စီးပွားရေး ဗျူဟာ တိုးတက်ရေး အစီအစဉ်”တွင် Myanmar Barcode Association မှ “ထုတ်ကုန်ပစ္စည်းများတွင်ပါရှိ‌သော ဘားကုဒ်နံပါတ်များ ” အကြောင်း ကို Vitrual အစီအစဉ်ဖြင့် ကျင်းပခြင်း

22 December 2020

(၂၂. ၁၂.၂၀၂၀) ရက်နေ့တွင် မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) နှင့် MSME ဖွံ့ဖြိုးတိုးတက်ရေး ဌာန တို့ပူးပေါင်းပြီး ပြုလုပ်သည့် “MSME လုပ်ငန်းရှင် အမျိုးသမီးများ စီးပွားရေးဗျူဟာ တိုးတက်ရေး အစီအစဉ်” တွင် Myanmar Barcode Association မှ “ထုတ်ကုန်ပစ္စည်းများတွင်ပါရှိ‌သော ဘားကုဒ်နံပါတ်များ ” အကြောင်းကို မကွေးတိုင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ နှင့် ပြည်နယ်နှင့်တိုင်း အသီးသီးတို့မှ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းရှင်များသို့ Vitrual အစီအစဉ်ဖြင့် ရှင်းလင်းပြောကြား ခဲ့ပါသည်။ ထိုအစီအစဉ်တွင် Myanmar Barcode Association ဥက္ကဌ ဦးသန့်‌ဇော်ကိုမှ အဖွင့်အမှာစကားပြောကြားပြီး မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် (MYANWEN) ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ဒေါ်လဲ့လဲ့အေး မှဤအစီအစဉ် ပြုလုပ်ရခြင်းရည်ရွယ်ချက်ကိုပြောကြားခဲ့ပါသည်။ ထို့နောက် Myanmar Barcode Association ၏ CEO ဒေါ်အိဇာခြည်သွင်မှ “ ဘားကုဒ်နံပါတ်များအကြောင်းနှင့် အသုံးပြုပုံ” ကိုလည်းကောင်း၊ ဒေါ်ပြည်ပြည့်ဖြိုးမှ “ ဘားကုဒ်နံပါတ်များအသုံးပြုမှုနှင့် ပတ်သက်သည့် ဥပဒေ‌အကြောင်းအရာများ” ကိုလည်းကောင်း အသီးသီးပြောကြားခဲ့ပြီး မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် (MYANWEN) ၏ ဒု – ဥက္ကဌ (၃) ဒေါ်နှင်း‌ဝေ မှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ထိုအစီအစဉ်တွင် မကွေးတိုင်း၊ မွန်ပြည်နယ်နှင့် ကျောက်ဖြူမြို့ ၊ ရခိုင်ပြည်နယ်နှင့် ပြည်နယ်နှင့်တိုင်း အသီးသီးမှ MSME လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။

Related Articles

Happy Myanmar New...

မြန်မာ့နှစ်သစ်ကူးအခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်...

ဆက်ဖတ်ရန်
09 April 2024

MYANWEN MSME Spotlight

Thiri Aung Mudra Myay Co.,Ltd...

ဆက်ဖတ်ရန်
06 April 2024

Corporate Governance for...

မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်-Myanmar Women Entrepreneurs...

ဆက်ဖတ်ရန်