(၂၂. ၁၂.၂၀၂၀) ရက်နေ့တွင် မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) နှင့် MSME ဖွံ့ဖြိုးတိုးတက်ရေး ဌာန တို့ပူးပေါင်းပြီး ပြုလုပ်သည့် “MSME လုပ်ငန်းရှင် အမျိုးသမီးများ စီးပွားရေးဗျူဟာ တိုးတက်ရေး အစီအစဉ်” တွင် Myanmar Barcode Association မှ “ထုတ်ကုန်ပစ္စည်းများတွင်ပါရှိသော ဘားကုဒ်နံပါတ်များ ” အကြောင်းကို မကွေးတိုင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ နှင့် ပြည်နယ်နှင့်တိုင်း အသီးသီးတို့မှ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းရှင်များသို့ Vitrual အစီအစဉ်ဖြင့် ရှင်းလင်းပြောကြား ခဲ့ပါသည်။ ထိုအစီအစဉ်တွင် Myanmar Barcode Association ဥက္ကဌ ဦးသန့်ဇော်ကိုမှ အဖွင့်အမှာစကားပြောကြားပြီး မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် (MYANWEN) ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ဒေါ်လဲ့လဲ့အေး မှဤအစီအစဉ် ပြုလုပ်ရခြင်းရည်ရွယ်ချက်ကိုပြောကြားခဲ့ပါသည်။ ထို့နောက် Myanmar Barcode Association ၏ CEO ဒေါ်အိဇာခြည်သွင်မှ “ ဘားကုဒ်နံပါတ်များအကြောင်းနှင့် အသုံးပြုပုံ” ကိုလည်းကောင်း၊ ဒေါ်ပြည်ပြည့်ဖြိုးမှ “ ဘားကုဒ်နံပါတ်များအသုံးပြုမှုနှင့် ပတ်သက်သည့် ဥပဒေအကြောင်းအရာများ” ကိုလည်းကောင်း အသီးသီးပြောကြားခဲ့ပြီး မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် (MYANWEN) ၏ ဒု – ဥက္ကဌ (၃) ဒေါ်နှင်းဝေ မှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ထိုအစီအစဉ်တွင် မကွေးတိုင်း၊ မွန်ပြည်နယ်နှင့် ကျောက်ဖြူမြို့ ၊ ရခိုင်ပြည်နယ်နှင့် ပြည်နယ်နှင့်တိုင်း အသီးသီးမှ MSME လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။
မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) နှင့် Farmers...
ဆက်ဖတ်ရန်