Women Entrepreneurship Program ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု ဖွံ့ဖြိုးတိုးတက်ရေး စွမ်းဆောင်ရည်မြှင့်တင်မှုအစီအစဉ်

Ma Pwintthin Zarlatt

October 20 mins Read


စိုက်ပျိုးရေးနှင့် စိုက်ပျိုးစီးပွားကဏ္ဍများတွင် ဦးဆောင်လုပ်ကိုင်နေသော အမျိုးသမီးများအတွက် “Women Entrepreneurship Program” တွင် လျှောက်ထားရန် ဖိတ်ခေါ်ခြင်း

စိုက်ပျိုးရေးနှင့် စိုက်ပျိုးစီးပွားကဏ္ဍများတွင် ဦးဆောင်လုပ်ကိုင်နေသော အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်နိုင်စေရန် ရည်ရွယ်ပြီး အချိန် (၈)လတာ ကြာမြင့်မည့် “ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု ဖွံ့ဖြိုးတိုးတက်ရေး စွမ်းဆောင်ရည်မြှင့်တင်မှုအစီအစဉ်” အတွက် လျှောက်လွှာ များကို စတင်လက်ခံနေပြီ ဖြစ်ပါသည်။

ဤအစီအစဉ်တွင် ပါဝင်ခြင်းအားဖြင့် အမျိုးသမီးလုပ်ငန်းရှင်များ အနေဖြင့် မိမိတို့၏စီးပွားရေးကို ပိုမို အဆင့်မြှင့်တင်နိုင်ခြင်း၊ စိုက်ပျိုးရေးနှင့် စိုက်ပျိုးစီးပွားကဏ္ဍများအတွက် နည်းပညာနှင့်ပတ်သက်သည့် အသိပညာများ ရရှိနိုင်ခြင်း၊ စီမံခန့်ခွဲနိုင်စွမ်းကို မြှင့်တင်နိုင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုအလားအလာများနှင့် အသိုင်းအဝန်းများ တိုးတက်အောင် ချဲ့ထွင်စီမံခန့်ခွဲနိုင်ခြင်း စသည်တို့ကို  မိမိ၏ စီးပွားရေးလုပ်ငန်းများတွင် လက်တွေ့အသုံးချမှုများ ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ ဤအစီအစဉ်သည် အမျိုးသမီးလုပ်ငန်းရှင်တို့အတွက် စီးပွားရေးနှင့်ပတ်သက်သော စွမ်းဆောင်ရည်များ နှင့် စီးပွားရေးဆိုင်ရာ သက်ရောက်မှုများကို မြှင့်တင်ပေးနိုင်မည့်နေရာအဖြစ် ဆောင်ရွက်သွားမည့်အပြင် လက်တလော အခြေအနေ များနှင့်အညီ မိမိစီးပွားရေးကို လိုက်လျောညီထွေစွာ ရေရှည်တည်တံ့သွားနိုင်စေရန် အကူအညီများ ပေးသွားမည် ဖြစ်ပါသည်။

ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားလျက်ရှိသည့်ကာလနှင့် လက်ရှိဖြစ်ပွားနေလျက်ရှိသော အခြေအနေ များကြောင့် စီးပွားရေးလုပ်ငန်းအများစုသည် ဝင်ငွေကျဆင်းခြင်းနှင့် တိုးတက်မှုအတွက် ကန့်သတ်ချက် ဘောင်များစွာရှိနေကြသည်။ ၂၀၂၀ခုနှစ် ဩဂုတ်လထုတ် (ကျား/မနှင့်လူမှုပါဝင်မှု ဆန်းစစ်လေ့လာချက်အရ) အမျိုးသားများ၏ ထိန်းချုပ်လွှမ်းမိုးမှုများ၊ သမားရိုးကျ ခွဲခြားသတ်မှတ်ထားသော ကျား/မ လုပ်သားပုံစံနှင့် အခန်းကဏ္ဍများ၊ ယဉ်ကျေးမှုနှင့် လူမှုဆိုင်ရာစံနှုန်းများမှ သတ်မှတ်ထားသော ကျား/မစွမ်းအား မညီမျှမှုများကြောင့် အမျိုးသမီးလုပ်ငန်းရှင်များအနေဖြင့် မိမိစီးပွားရေးကို စီမံခန့်ခွဲရခြင်းနှင့် မိမိ၏အိမ်မှုကိစ္စများကို တာဝန်ယူရခြင်း အစရှိသည့် အဖက်ဖက်သော ကိစ္စရပ်များတွင် ပိုမိုများပြားသော စိန်ခေါ်မှုများ၊ ရုန်းကန်မှုများ နှင့် အခက်အခဲများ ရင်ဆိုင် တွေ့ကြုံ နေရကြောင်း သတိပြုတွေ့ရှိရပါသည်။

ဤအစီအစဉ်သည် စိုက်ပျိုးရေးနှင့် စိုက်ပျိုးစီးပွားကဏ္ဍများတွင် ဦးဆောင်လုပ်ကိုင်နေသော အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များ ရင်ဆိုင်နေရသော အခက်အခဲများနှင့် လိုအပ်ချက်များကို ဝိုင်းဝန်းဖြေရှင်းပြီး အကူအညီပေးနိုင်ရန်နှင့် အခက်အခဲများကြားတွင် ကြံ့ကြံ့ခံရပ်တည်နိုင်ရန် ရည်ရွယ်ပါသည်။ အစီအစဥ်ကို ACDI/VOCA, FHI 360 တို့က ပူးပေါင်းလုပ်ဆောင်နေသည့် USAID Feed the Future Burma Agriculture and Food Systems Development Activity က ပံ့ပိုးပေးပြီး Myanmar Innovative Life Sciences (MILS)နှင့် Myanmar Women Entrepreneurs Network (MYANWEN) တို့ မှ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပါသည်။

ဤအစီအစဉ်တွင် ပါဝင်နိုင်မည့်သူများ

ဤအစီအစဉ်တွင် ပါဝင်နိုင်ရန် စိုက်ပျိုးရေးနှင့် စိုက်ပျိုးစီးပွားကဏ္ဍများတွင် ဦးဆောင် လုပ်ကိုင်နေသော အမျိုးသမီး စွန့်ဦးတီထွင်လုပ်ငန်းရှင်များကို ဖိတ်ခေါ်လိုက်ပါသည်။ အောက်ဖော်ပြပါ သတ်မှတ်ချက်များနဲ့ ကိုက်ညီမှုရှိသူများ ဦးစားပေးလျှောက်ထားနိုင်ပါသည်။

(၁) လျှောက်ထားသူသည် အသက် (၃၀)နှစ်နှင့် အထက် ဖြစ်ရမည်။

(၂)အမျိုးသမီးဦးဆောင်သော စိုက်ပျိုးရေးနှင့် စိုက်ပျိုးစီးပွားကဏ္ဍဆိုင်ရာ စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်း ဖြစ်ရမည်။

(၃)သတ်မှတ်ချက်နှင့်ကိုက်ညီသော အမျိုးသမီး စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များအားလုံး လျှောက်ထားနိုင်ပြီး မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ မကွေးတိုင်း၊ ကချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်း တို့တွင် တည်ရှိသော စီးပွားရေးလုပ်ငန်းများကို ဦးစားပေးရွေးချယ်သွားမည် ဖြစ်ပါသည်။

(၄)စိန်ခေါ်မှုများစွာဖြင့် ရင်ဆိုင်ကြုံတွေ့နေရသော လက်ရှိအခြေအနေတွင် မိမိစီးပွားရေး လုပ်ငန်းများကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်စွမ်း ရှိသော တောင့်တင်းခိုင်မာသည့် လုပ်ငန်းများဖြစ်အောင် ကြိုးစားလုပ်ဆောင်လိုသော အမျိုးသမီး စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ဖြစ်ရမည်။

(၅)စီးပွားရေး ရေရှည်တည်တံ့အောင် လုပ်ဆောင်ရန် စိတ်ဝင်စားသူဖြစ်ပြီး စားသောက်ကုန်များ၏ ထောက်ပံ့မှုအခန်းကဏ္ဍအသီးသီး၏ ကွင်းဆက်တစ်လျှောက် အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို တိုးမြှင့်ရန်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများကို လျှော့ချရန် စိတ်ဝင်စားမှုရှိသော စိုက်ပျိုးရေးနှင့် စိုက်ပျိုးစီးပွားကဏ္ဍဆိုင်ရာ အမျိုးသမီး စွန့်ဦးတီထွင် လုပ်ငန်းရှင်များ ဖြစ်ရမည်။

(၆)တောင်သူလယ်သမားများနှင့် အစားအအစာ ပြုပြင်ထုတ်လုပ်သည့် လုပ်ငန်းများအတွက် အစားအစာလုံခြုံရေး၊ ထုတ်လုပ်မှု မြန်ဆန်စေရေး၊ စီးပွားရေးရေရှည်တည်တံ့နိုင်စေရေး၊ စိုက်ပျိုးရေးနှင့် စိုက်ပျိုးစီးပွားကဏ္ဍတွင် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများပေးသော ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်သူမဟုတ်သော အမျိုးသမီးစွန့်ဦးတီထွင် လုပ်ငန်းရှင်များလည်း လျှောက်ထားနိုင်သည်။

(၇) လုပ်ငန်းသည် စတင်ချိန်မှစ၍ အနည်းဆုံး တစ်နှစ် သက်တမ်း ရှိရပါမည်။

(၈)ယခုအစီအစဉ်တွင် အွန်လိုင်း(သို့မဟုတ်)လူကိုယ်တိုင် တက်ရောက်ရမည့် သင်တန်းများကို  (၈၅)ရာခိုင်နှုန်း နှင့်အထက် တက်ရောက်နိုင်သူ ဖြစ်ရမည်။

(၉)အင်တာနက်နှင့် Zoom Application အသုံးပြုနိုင်သူဖြစ်ရမည်။ (video ကိုအသုံးပြုပြီး အစည်းအဝေး တက်ရာတွင် အသုံးပြုသည့် အင်တာနက်ပလက်ဖောင်း)

ဤစီမံကိန်းတွင် ပါဝင်လျှောက်ထားခြင်းအားဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ

ဤအစီအစဉ်တွင်ပါဝင်ရန် ရွေးချယ်ခံရသူများအနေဖြင့် စနစ်တကျ စီမံရေးဆွဲထားသည့် စွမ်းဆောင်ရည် မြှင့်တင်ပေးသော သင်တန်းများတွင် တက်ရောက်ခွင့်ရရှိနိုင်မည်ဖြစ်ပြီး အောင်မြင်နေသော စီးပွားရေးလုပ်ငန်းများမှ လမ်းပြအကြံပေးသူများနှင့် တွေ့ဆုံဆွေးနွေးခွင့်ရရှိခြင်း၊ ငွေကြေးရင်းနှီး မြှုပ်နှံသူ စိုက်ပျိုးရေးနှင့် စိုက်ပျိုးစီးပွားကဏ္ဍဆိုင်ရာ များတွင် အောင်မြင်နေသောသူများ၊ ကျွမ်းကျင်သူများထံမှ  အကြံဉာဏ်များရရှိကာ မိမိတို့လုပ်ငန်းရဲ့ စီးပွားရေး စီမံချက်များကို ပြန်လည်ပြင်ဆင်ပြီး တိုးတက်မြှင့်တင်သွားနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် ယခုအစီအစဉ်တွင် မိမိလိုအပ်ချက်များအပေါ် အခြေခံသော စွမ်းဆောင်ရည် မြှင့်တင် ပေးနိုင်သည့်သင်တန်းများကို တက်ရောက်ခွင့် ရရှိနိုင်မည့်အပြင် လူကိုယ်တိုင်တက်ရောက်ရသော အလုပ်ရုံ ဆွေးနွေးပွဲများ၊ အကြံဉာဏ်ဖလှယ်ကြသော ဆွေးနွေးပွဲများတွင်လည်း ပါဝင်တက်ရောက်နိုင်မည်ဖြစ်ပြီး စိုက်ပျိုးရေးနှင့် စိုက်ပျိုးစီးပွားကဏ္ဍဆိုင်ရာလုပ်ငန်းများသို့ ကိုယ်တိုင်သွားရောက် လေ့လာခွင့်လည်း ရရှိမည်ဖြစ်ပါသည်။

အမျိုးသမီးများအနေဖြင့် မိမိတို့စွမ်းရည်များကို မြှင့်တင်နိုင်မည့် ပြောင်းလဲမှုတစ်စိတ်တစ်ပိုင်း အဖြစ်ပါဝင်ရန်  ဤအစီအစဉ်အား ယခုပင် လျှောက်ထားဖို့ ဖိတ်ခေါ်အပ်ပါသည်။

ဤအစီအစဉ်ကို အောက်ဖော်ပြပါ လင့်ခ်တွင် ဝင်ရောက်လျှောက်ထားနိုင်ပါသည်။

https://tinyurl.com/WEPApplication

ဤအစီအစဉ်ကို နောက်ဆုံးလျှောက်ထားရမည့်ရက်မှာ (နိုဝင်ဘာလ၊ ၁၀ ရက်နေ့၊ ၂၀၂၂ခုနှစ်) ဖြစ်ပါသည်။ ဤအစီအစဉ်နှင့် ပတ်သက်၍ အသေးစိတ်မေးမြန်းသိရှိလိုပါက ဖုန်း – 09 750054341 (သို့မဟုတ်) အီးမေးလ် wep.project@myanwen.com  သို့ တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ဤအစီအစဉ်နှင့် စပ်လျဥ်း၍ စားသောက်ကုန်အမျိုးမျိုး စိုက်ပျိုး၊ ထုတ်လုပ်လျက်ရှိသော လုပ်ငန်းများအနေဖြင့် အရည်အသွေးမြင့်မားပြီး၊ ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းသော ထုတ်ကုန်များ ပိုမိုထုတ်လုပ်လာနိုင်ရေး၊ ဈေးကွက်ချိတ်ဆက်မှု ပိုမိုခိုင်မာအားကောင်းလာစေရေး၊ ငွေကြေးအထောက်အပံ့ အကူညီများပေးအပ်လျက်ရှိသော နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအစရှိသည့် လိုအပ်သောအကူညီများ စပ်လျဉ်း၍ အသေးစိတ်သိရှိမေးမြန်းလိုပါက ဖုန်း- 09 965 405 501/ 09 447 043 463 (သို့မဟုတ်) Email- enquiries@milsciences.com  သို့ တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Related Articles