BCGE နှင့် MYANWEN တို့ နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးခြင်း

၂၈၊ မေလ ၊ ၂၀၂၀

Business Coalition for Gender Equality (BCGE )နှင့် မြန်မာ့စီးပွါးရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ရက် MYANWEN တို့သည် လုပ်ငန်းခွင်အတွင်း ကျား၊မ တန်းတူညီမျှရေး၊ အမျိုးသမီးများ ခေါင်းဆောင်နိုင်မှုနှင့် ဆုံးဖြတ်ချက်ချမှုတွင် ပါဝင်နိုင်ရေး မြှင့်တင်ရေး ကဏ္ဍတွင် လက်တွဲလုပ်ဆောင်ရန်အတွက် နားလည်မှု စာချွန်လွှာ (MOU) ကို ၂၀၂၀ ခုနှစ် မေလ (၂၈) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။
BCGE သည် လုပ်ငန်းခွင်အတွင်း ကျား၊မ တန်းတူညီမျှရေး အလေ့အကျင့်များကို ဦးဆောင်လုပ်ကိုင်နေသော အကျိုးအမြတ်မယူသည့် အသင်းတစ်ခု ဖြစ်ပါသည်။ BCGE သည် စီးပွားရေးလုပ်ငန်းနယ်ပယ်နှင့် တစ်နိုင်ငံလုံးအတွင်း လုပ်ငန်းခွင် ကျား၊မ တန်းတူညီမျှရေးကို လက်တွဲလုပ်ကိုင်နိုင်ရန် EuroCham Myanmar ၊ AustCham Myanmar ၊ CCI France Myanmar ၊ MCRB, GEN Myanmar ၊ Colors Rainbow ၊ Akhaya Women စသဖြင့် ကွဲပြားသော မိတ်ဖက်အဖွဲ့အစည်းတို့နှင့် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးထားသော အဖွဲ့ဖြစ်ပါသည်။

Related Articles

27 April 2024

Polish Pathways Series...

မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် – Myanmar Women...

ဆက်ဖတ်ရန်

Happy Myanmar New...

မြန်မာ့နှစ်သစ်ကူးအခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်...

ဆက်ဖတ်ရန်
09 April 2024

MYANWEN MSME Spotlight

Thiri Aung Mudra Myay Co.,Ltd...

ဆက်ဖတ်ရန်