မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် (MYANWEN) နှင့် MSME ဖွံ့ဖြိုး တိုးတက်ရေး ဌာန တို့ ပူးပေါင်းပြီး ပြုလုပ် သည့် “MSME လုပ်ငန်းရှင် အမျိုးသမီးများ စီးပွားရေး ဗျူဟာ တိုးတက်ရေး အစီအစဉ်”တွင် ဒေါ်အင်ကြင်းခိုင် ၊ Marketing Director (Top – Cashew Nut & Cashew Brittle) မှ “Behind the scene (Journey to the TOP) – ကန့်လန့်ကာနောက်ကွယ်မှ စိန်ခေါ်မှုများ” အကြောင်း ကို Vitrual အစီအစဉ်ဖြင့် ကျင်းပခြင်း

7 January 2021

(၇. ၁.၂၀၂၁) ရက်နေ့တွင် မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) နှင့် MSME ဖွံ့ဖြိုးတိုးတက်ရေး ဌာန တို့ပူးပေါင်းပြီး ပြုလုပ်သည့် “MSME လုပ်ငန်းရှင် အမျိုးသမီးများ စီးပွားရေးဗျူဟာ တိုးတက်ရေး အစီအစဉ်” တွင် မူဝါဒနှင့် ပြည်ပရေးရာဌာန၊ စက်မှုကြီးကြပ်ရေး နှင့်စစ်ဆေးရေးဦးစီးဌာန ၏ ညွှန်ကြားရေးမှူး ဦးသောင်းဦး မှ အမှာ စကား ပြောကြားခြင်း၊ မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် (MYANWEN) ၏ အထွေထွေအတွင်းရေးမှူး ဒေါ်ယဉ်ယဉ်အေး မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒေါ်အင်ကြင်းခိုင် ၊ Marketing Director (Top – Cashew Nut & Cashew Brittle) မှ “Behind the scene (Journey to the TOP) – ကန့်လန့်ကာနောက်ကွယ်မှ စိန်ခေါ်မှုများ” ခေါင်းစဉ်ဖြင့် မကွေးတိုင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နှင့် ပြည်နယ်နှင့်တိုင်း အသီးသီးမှ တို့မှ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းရှင် များ သို့ Virtual အစီအစဉ်ဖြင့် ရှင်းလင်းတင်ပြ ပေးခဲ့ပါသည်။ ထို့နောက် မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် (MYANWEN) ၏ ဒု – ဥက္ကဌ (၁) ဒေါက်တာ စုလှဟန်မှ ကျေးဇူးတင်စကား ပြောကြားခဲ့ ပါသည်။ ထိုအစီအစဉ်တွင် မကွေးတိုင်း၊ မွန်ပြည်နယ်နှင့် ကျောက်ဖြူမြို့ ၊ ရခိုင်ပြည်နယ် နှင့် ပြည်နယ်နှင့်တိုင်း အသီးသီးမှ MSME လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။

Related Articles

Happy Myanmar New...

မြန်မာ့နှစ်သစ်ကူးအခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်...

ဆက်ဖတ်ရန်
09 April 2024

MYANWEN MSME Spotlight

Thiri Aung Mudra Myay Co.,Ltd...

ဆက်ဖတ်ရန်
06 April 2024

Corporate Governance for...

မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်-Myanmar Women Entrepreneurs...

ဆက်ဖတ်ရန်