မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် (MYANWEN) နှင့် MSME ဖွံ့ဖြိုး တိုးတက်ရေး ဌာန တို့ ပူးပေါင်းပြီး ပြုလုပ် သည့် “ MSME လုပ်ငန်းရှင် အမျိုးသမီးများ စီးပွားရေး ဗျူဟာ တိုးတက်ရေး အစီအစဉ်”တွင် Dr. Htet Zan Linn – CEO , Myanmar B2B Management Magazine and Ondoctor Co.,Ltd မှ “Building Brand in Digital Age – ဒစ်ဂျစ်တယ်ခေတ်တွင် အမှတ်တံဆိပ်တစ်ခု တည်ဆောက်ခြင်း” အကြောင်း ကို Vitrual အစီအစဉ်ဖြင့် ကျင်းပခြင်း

18 December 2020

(၁၅. ၁၂.၂၀၂၀) ရက်နေ့တွင် မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) နှင့် MSME ဖွံ့ဖြိုးတိုးတက်ရေး ဌာန တို့ပူးပေါင်းပြီး ပြုလုပ်သည့် “MSME လုပ်ငန်းရှင် အမျိုးသမီးများ စီးပွားရေးဗျူဟာ တိုးတက်ရေး အစီအစဉ်” တွင် မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် (MYANWEN) ၏ ဗဟိုအလုပ်အမှုဆောင် ဒေါ်လင်းလင်းတင်ထွန်း မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး Dr. Htet Zan Linn – CEO , Myanmar B2B Management Magazine and Ondoctor Co.,Ltd မှ “Building Brand in Digital Age – ဒစ်ဂျစ်တယ်ခေတ်တွင် အမှတ်တံဆိပ်တစ်ခု တည်ဆောက်ခြင်း” ခေါင်းစဉ်ဖြင့် မကွေးတိုင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တို့မှ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းရှင် များ သို့ Virtual အစီအစဉ်ဖြင့် ရှင်းလင်းတင်ပြ ပေးခဲ့ပါသည်။ ထို့နောက် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် (MYANWEN) ၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး (၃) ဒေါ်ဖြူဖြူမြင့်နိုင် မှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ထိုအစီအစဉ်တွင် မကွေးတိုင်း၊ မွန်ပြည်နယ်နှင့် ကျောက်ဖြူမြို့ ၊ ရခိုင်ပြည်နယ် မှ MSME လုပ်ငန်းရှင်များ တက်ရောက်ကြပါသည်။

Related Articles

Happy Myanmar New...

မြန်မာ့နှစ်သစ်ကူးအခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်...

ဆက်ဖတ်ရန်
09 April 2024

MYANWEN MSME Spotlight

Thiri Aung Mudra Myay Co.,Ltd...

ဆက်ဖတ်ရန်
06 April 2024

Corporate Governance for...

မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်-Myanmar Women Entrepreneurs...

ဆက်ဖတ်ရန်