မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် (MYANWEN) နှင့် MSME ဖွံ့ဖြိုး တိုးတက်ရေးဌာန တို့ ပူးပေါင်းပြီး ပြုလုပ် သည့် “ MSME လုပ်ငန်းရှင် အမျိုးသမီးများ စီးပွားရေးဗျူဟာ တိုးတက်ရေး အစီအစဉ်” တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာန FDA မှ FDA နှင့် ပတ်သက်သည်အသိအမြင်များ ၊ လုပ်ဆောင်ရမည့် အချက်အလက် များမျှဝေပြီး အပြန်အလှန် ဆွေးနွေးခြင်းကို Virtual အစီအစဉ်ဖြင့် ကျင်းပခြင်း

20 November 2020

(၂၀.၁၁.၂၀၂၀) ရက်နေ့တွင် မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) နှင့် MSME ဖွံ့ဖြိုးတိုးတက်ရေး ဌာန တို့ပူးပေါင်းပြီး ပြုလုပ်သည့် “MSME လုပ်ငန်းရှင် အမျိုးသမီးများ စီးပွားရေးဗျူဟာ တိုးတက်ရေး အစီအစဉ်” တွင် MSME ဖွံ့ဖြိုး တိုးတက်ရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်း မှ အဖွင့်အမှာစကား ပြောကြား ပြီး မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက်(MYANWEN) နာယက ဒေါ်ခိုင်ခိုင်နွယ် မှ ဤအစီအစဉ်ပြုလုပ် ရသည့် ရည်ရွယ်ချက်ကို ပြောကြားခဲ့ပါသည်။
ထို့နောက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာန FDA မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်ခင်ချစ်မှ “Role of FDA in food safety- အစားအသောက်ဘေးကင်းရေးအတွက် FDA ၏ အခန်းကဏ္ဍ” ကိုလည်းကောင်း၊ ဒုတိယ ညွှန်ကြားရေးမှူး ( အစားအသောက်ဌာနခွဲ) – ဒေါက်တာ ဒေါ်ချောနုနုအေး မှ “GMP and GHP for Local Food Processing Business – အစားအသောက် ထုတ်လုပ်ခြင်းတွင် လိုက်နာ ဆောင်ရွက်ရမည့် ကောင်းမွန်သော ထုတ်လုပ်မှု့နှင့် သန့်ရှင်းမှု့ကျင့်စဉ်” ခေါင်းစဉ်တို့ ဖြင့် မကွေးတိုင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တို့မှ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းရှင် များနှင့် တိုင်းဒေသကြီးအသီးသီး မှ စိတ်ဝင်စားကြသော MSME လုပ်ငန်းရှင်များ စုစုပေါင်း (၂၂၀) ကျော် တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် (MYANWEN) ဒုတိယ ဥက္ကဌ ဒေါက်တာစုလှဟန် မှ ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

Related Articles

Happy Myanmar New...

မြန်မာ့နှစ်သစ်ကူးအခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်...

ဆက်ဖတ်ရန်
09 April 2024

MYANWEN MSME Spotlight

Thiri Aung Mudra Myay Co.,Ltd...

ဆက်ဖတ်ရန်
06 April 2024

Corporate Governance for...

မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်-Myanmar Women Entrepreneurs...

ဆက်ဖတ်ရန်