Untold Truth Series- Series 2- Behind the Sustainable Success

15 November 2020

MYANWEN မှ စီစဉ်တင်ဆက်မည့် talk show program “Untold Truths” Series -2 ကို လာမည့် တနင်္ဂနွေနေ့ (၁၅) ရက်နေ့ ည (၆) နာရီ မှာ “Behind the Sustainable Success” ခေါင်းစဉ်ဖြင့် နိုင်ငံကျော် အနုပညာရှင်များဖြစ်သည့် စိုင်းစိုင်းခမ်းလှိုင်၊ ပိုင်ဖြိုးသု၊ မိုးစက်ဝိုင် တို့နှင့် အတူ moderator အနေဖြင့် လဲ့လဲ့အေး မှ ပါဝင်ဆွေးနွေးမည်ဖြစ်ပါသည်။

Untold Truth Series (Series 2 – “Behind the Sustainable Success”)တွင် Speaker အဖြစ် ပြုလုပ်ပေးမည့် စိုင်းစိုင်းခမ်းလိုင်၏ ကိုယ်ရေးအကျဉ်း
စိုင်းစိုင်းခမ်းလိုင် သည် FRENZO PRODUCTION နှင့် SAI Cosmetic တို့၏ တည်ထောင်သူတစ်ဦးဖြစ်ပြီး တေးရေး၊ တေးဆိုနှင့် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပါသည်။

Untold Truth Series (Series 2 – “Behind the Sustainable Success”)တွင် Speaker အဖြစ် ပြုလုပ်ပေးမည့် ပိုင်ဖြိုးသု၏ ကိုယ်ရေးအကျဉ်း
ပိုင်ဖြိုးသုသည် 2015တွင်ဆေးတက္ကသိုလ်(၁)ရန်ကုန်မှ M.B.,B.S.(YGN) ဘွဲ့ရခဲ့ပါသည်။
၂၀၁၇ ခုနှစ်တွင် အမျိုးသမီးဇာတ်ပို့ အကယ်ဒမီထူးချွန်ဆု နှင့် ၂၀၁၈ ခုနှစ်တွင် Star Awards အဓိကအမျိုးသမီးဇာတ်ဆောင်ဆု တို့ရရှိခဲ့ပြီး လက်ရှိအချိန်တွင် သရုပ်ဆောင်အဖြစ်ရပ်တည်လျက်ရှိပါသည်။

Untold Truth Series (Series 2 – “Behind the Sustainable Success”)တွင် Speaker အဖြစ် ပြုလုပ်ပေးမည့် မိုးစက်ဝိုင် (Miss Universe Myanmar 2013) ၏ ကိုယ်ရေးအကျဉ်း
မိုးစက်ဝိုင် (Miss Universe Myanmar 2013) သည် Business Marketing California Lutheran University (United States) &B.A (English) ကို Dagon University မှ ရရှိခဲ့ပါသည်။
Moezy Cosmetics နှင့် Summary Beauty Shop တို့၏ တည်ထောင်သူဖြစ်ပါသည်။
Myanmar heart charity group (မြန်မာ့နှလုံးသား ပရဟိတအသင်း) ၏ တည်ထောင်သူဖြစ်ပြီး မိမိကိုယ်မိမိ ယုံကြည်မှုရှိပြီး နိုင်ငံတကာ အတွေ့အကြုံများရှိသူ ၊ အနုပညာလုပ်ငန်းအပြင် စီးပွားရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိပါသည်။

Untold Truth Series (Series 2 – “Behind the Sustainable Success”)တွင် Moderator အဖြစ် ပြုလုပ်ပေးမည့် မလဲ့လဲ့အေး ကိုယ်ရေးအကျဉ်း
မလဲ့လဲ့အေးသည် BSc (Maths) ဖြင့် ဘွဲ့ရရှိခဲ့ပြီး မန္တလာမင်း အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေး၏ တည်ထောင်သူ/ ဥက္ကဌ တစ်ဦးဖြစ်ပါသည်။
မလဲ့လဲ့အေးသည် -၂၀၁၂ ခုနှစ်တွင် ASEAN- China Young Entrepreneur’s Outstanding Awards ဆုကို Vietnam နိုင်ငံ၊ Hanoi မြို့တွင်၎င်း -၂၀၁၃ ခုနှစ်တွင် MWAF မှချီးမြှင့်သော မြန်မာအမျိုးသမီး စီးပွားရေး ထူးချွန်ဆုကို နေပြည်တော်တွင်၎င်း -၂၀၂၀ ခုနှစ် January တွင် WORLD WOMEN LEADERSHIP CONGRESS မှချီးမြှင့်သော Myanmar Women Leadership Excellence Award ကို Thailand နိုင်ငံ Bangkok တွင်၎င်း ရရှိခဲ့ပါသည်။
လက်ရှိ မြန်မာနိုင်ငံ၏ ခရီးသည်ပို့ဆောင်ရေး နှင့် ကုန်စည်ပို့ဆောင်ရေးကဏ္ဍ၏ ထိပ်ဆုံး ကုမ္ပဏီများထဲမှ တစ်ခုဖြစ်ပြီး Express Bus စီးရေ ၁၅၀ ကျော်၊ Transpoter Truck တွဲကား စီးရေ ၁၅၀ ကျော်၊ ဝန်ထမ်းအင်အား ၁၀၀၀ ခန့်တို့ဖြင့် မြန်မာနိုင်ငံအနှံ့သယ်ယူပို့ဆောင်ရေးအတွက် တာဝန်ယူလုပ်ဆောင်လျှက်ရှိနေပါသည်။

Related Articles

03 April 2024

မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် –...

မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) နှင့် Farmers...

ဆက်ဖတ်ရန်
03 April 2024

(၂၂ ) ကြိမ်မြောက်...

𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗪𝗼𝗺𝗲𝗻 𝗘𝗻𝘁𝗿𝗲𝗽𝗿𝗲𝗻𝗲𝘂𝗿𝘀 𝗡𝗲𝘁𝘄𝗼𝗿𝗸 –...

ဆက်ဖတ်ရန်
29 March 2024

𝐈𝐦𝐩𝐚𝐜𝐭 𝐂𝐡𝐚𝐦𝐩𝐢𝐨𝐧 𝐟𝐨𝐫...

Business Coalition for Gender Equality...

ဆက်ဖတ်ရန်