top of page
MYANWEN Logo.png

Young Executives Networking Event

September 7, 2024

Myanmar Women Entrepreneurs Network (MYANWEN) (မြန်မာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်) ၏ Young Executives Committee မှ ဦးဆောင်ပြီး “Young Executives Networking Event” ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၇)ရက်နေ့တွင် The Round Hose Royal Kandawgyi တွင် ကျင်းပခဲ့ပါသည်။


Networking Event တွင် MYANWEN မှ Young Executives Chairperson .မအိဖြူဖြူထွန်း မှ အဖွင့်နှုတ်ဆက်စကားပြောကြားကာ ရှေ့ဆက်လုပ်ဆောင်မည့် အစီစဉ်များပြောကြားပေးခဲ့ပါသည်။ MYANWEN အသင်းမှ Young Executives member များနှင့် MYANWEN MSME member များအချင်းချင်း ရင်းရင်းနှီးနှီး တွေ့ဆုံမိတ်ဆက်ပြီး MYANWEN Young Executives Committee မှာရှိတဲ့ member များအနေနဲ့ MYAWNEN အသင်း၏ လှုပ်ရှားမှုများတွင် တက်တက်ကြွကြွပါဝင်ပေးရန်၊ Young Executives Committee အနေနဲ့လည်း ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်တွေ ၊ MSME members များနှင့် အသင်းဝင်များအတွက် အကျိုးရှိမည့် လှုပ်ရှားမှုများ လုပ်ဆောင်နိုင်ရန်အတွက် အကြံပြုဆွေးနွေးပေးခဲ့ကြပါသည်။ 


Networking Event တွင် ချစ်ခင်၊ ရင်းနှီးမှုတိုးပွါးလာစေရန် networking လုပ်ရင်း မြန်မာရိုးရာ အစားအသောက်များဖြင့် တည်ခင်းဧည့်ခံခြင်း အတူတကွ Games များ၊ Group Brainstorming Discussions များပြုလုပ်ခဲ့ကြပြီး ELIZA Skin Republic မှလည်းအမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။



bottom of page