၂၀၂၆ ခုနှစ် ဇွန်လ (၂၇) ရက်နေ့တွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ (MSME) မှ နေပြည်တော်တိုင်းဒေသကြီး MICCI တွင် ကျင်းပပြုလုပ်သည့် ကမ္ဘာ့အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနေ့ (World MSME Day 2026) အခမ်းအနားတွင် MYANWEN မှ Made in Myanmar ပြည်တွင်း ထုတ်ကုန်ပစ္စည်းများအား စိုက်ပျိုးရေးအခြေခံ စားသောက်ကုန် ပစ္စည်းများ ၊ ချည်မျှင်နှင့်အထည်များ၊ လူသုံးကုန်ပစ္စည်းများ၊ ဒီဂျစ်တယ် ဝန်ဆောင်မှုလုပ်ငန်း ကို ခင်းကျင်းပြသထားရာ MSME လုပ်ငန်းရှင်များ၏ တီထွင်ဆန်းသစ်ဖန်တီးနိုင်မှုနှင့်အရည်အသွေးမြင့် ထုတ်ကုန်များ ခင်းကျင်းပြသခဲ့ပါသည်။
MYANWEN အနေဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာ့ထုတ်ကုန်များကို ပြည်တွင်း၊ ပြည်ပဈေးကွက်များတွင် ပိုမိုအသိအမှတ်ပြုခံရစေရန် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။


























