top of page
MYANWEN Logo.png

The 22nd China-ASEAN Expo (CAEXPO 2025)

September 17, 2025

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ကျင်းပသည့် The 22nd China-ASEAN Expo (CAEXPO 2025) တွင် မြန်မာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) မှ အသေးစား အငယ်စား အလတ်စား - MSME လုပ်ငန်းများ၏ ပြည်တွင်း ထုတ်ကုန်ပစ္စည်းများ ပါဝင်ပြသခဲ့ခြင်း

===========================


၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်မှ (၂၁)ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့တွင် ကျင်းပသော (၂၂) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ - The 22nd China-ASEAN Expo (CAEXPO 2025) တွင် မြန်မာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) နှင့် MYANWEN ၏ အသင်းဝင်များဖြစ်ကြသည့် Healthy & Happy, Plan Bee Social Enterprise နှင့် မောရွှေမြေ -Maw Shwe Myay စသည့် ပြည်တွင်း အသေးစား အငယ်စား အလတ်စား - MSME အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များ၏ ဒေသအသီးသီးမှ ထုတ်ကုန်ပစ္စည်းများဖြစ်သည့် ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းများ၊ စိုက်ပျိုးရေးအခြေခံ စားသောက်ကုန်များ နှင့် လက်မှုပစ္စည်းများ ပါဝင်ပြသခဲ့ပြီး လာရောက်ကြည့်ရှုသူများမှ စိတ်ဝင်စားမှုများစွာရရှိခဲ့သည့်အပြင် အသေးစား အငယ်စား အလတ်စား MSME လုပ်ငန်းများနှင့် ချိတ်ဆက်ရန်ကမ်းလှမ်းမှုများစွာကိုလည်းရရှိခဲ့ပါသည်။



#MYANWEN

#CAEXPO

bottom of page