top of page
MYANWEN Logo.png

Startup Ignite Program 2026

September 11, 2026

စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) တို့ ပူးပေါင်းကျင်းပသော MSME လုပ်ငန်းရှင်များနှင့် အစပျိုးစီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်းစွမ်းရည်မြှင့်တင်ရေးအစီအစဉ် (Startup Ignite Program 2026) ကို ၂၀၂၆ ခုနှစ်၊ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့တွင် နေပြည်တော်၊ ရုံးအမှတ် (၃၀) တွင် စတင်ကျင်းပခဲ့ပါသည်။


🎯 အစီအစဉ်၏ ရည်ရွယ်ချက်

မိမိတို့၏ စီးပွားရေးလုပ်ငန်းများကို စတင်တည်ဆောက်နေကြသော Startup လုပ်ငန်းရှင်များနှင့် လုပ်ငန်းလည်ပတ်နေပြီး ပိုမိုခိုင်မာတိုးတက်အောင် ဆက်လက်တည်ဆောက်လိုသော MSME လုပ်ငန်းရှင်များအတွက် စီးပွားရေးစီမံခန့်ခွဲမှု၊ ငွေကြေးနှင့် ဘဏ်ဝန်ဆောင်မှုများ၊ ဈေးကွက်ဝင်ရောက်ရေးနှင့် လုပ်ငန်းတိုးချဲ့ရေးဆိုင်ရာ အခြေခံအသိပညာများအပြင် လက်တွေ့အတွေ့အကြုံများနှင့် ချိတ်ဆက်နိုင်မည့် အခွင့်အလမ်းများ ပေးအပ်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။

💡 ပထမနေ့တွင် —

အခမ်းအနားကို စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မှ အဖွင့်အမှာစကား ပြောကြား၍ စတင်ခဲ့ပါသည်။ ထို့နောက် MYANWEN ဥက္ကဋ္ဌ ဒေါက်တာစုလှဟန် မှ Startup Ignite Program 2026 နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး အစီအစဉ်၏ အဓိကရည်ရွယ်ချက်များနှင့် လုပ်ငန်းရှင်များအတွက် ရရှိနိုင်မည့် အခွင့်အလမ်းများကို မျှဝေပေးခဲ့ပါသည်။

🧠 Entrepreneurship Mindset အပိုင်းတွင် ဒေါက်တာစုလှဟန်မှ စွန့်ဦးတီထွင်လုပ်ငန်းရှင်များအတွက် လိုအပ်သော စီးပွားရေးစိတ်ဓာတ်နှင့် အတွေးအခေါ်များကို မျှဝေပေးခဲ့ပါသည်။


🏦 ဘဏ်ဝန်ဆောင်မှုများနှင့် လုပ်ငန်းတိုးချဲ့နိုင်မည့် အခွင့်အလမ်းများ အကြောင်းကို AYA Bank PCL မှ Director (Head of Retail Banking) ဦးတိုးလင်းညွန့် နှင့် Vice President (SME Banking) ဦးဉာဏ်မင်းထက် တို့မှ လုပ်ငန်းရှင်များအတွက် လက်တွေ့အသုံးချနိုင်မည့် ဘဏ်ဝန်ဆောင်မှုများနှင့် ငွေကြေးဆိုင်ရာ အခွင့်အလမ်းများကို မျှဝေပေးခဲ့ကြပါသည်။


💬 စီးပွားရေးအကြံဉာဏ်များ ရှာဖွေခြင်း အပိုင်းတွင် မြန်မာနိုင်ငံအလှကုန်အသင်း ဒုတိယဥက္ကဋ္ဌ၊ SHANGRILA-LEAP INT'L Co., Ltd. နှင့် Roviolet Beauty Co., Ltd. (Lacoste Fashion) CEO ဦးသန့်ဇော်ကို မှ မိမိ၏ လုပ်ငန်းအတွေ့အကြုံများနှင့် လက်တွေ့စီးပွားရေးအကြံဉာဏ်များကို လုပ်ငန်းရှင်များနှင့် မျှဝေပေးခဲ့ပါသည်။

📈 ထို့အပြင် Go-to-Market Strategy ခေါင်းစဉ်ဖြင့် MYANWEN ဒုတိယဥက္ကဋ္ဌ၊ Malikha Power Engineering Ltd. Founder & MD ဒေါ်ချိုသီရိမောင် မှ လုပ်ငန်းများအနေဖြင့် မိမိတို့၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို ဈေးကွက်အတွင်း ထိရောက်စွာ ဝင်ရောက်နိုင်ရန် လိုအပ်သည့် ဈေးကွက်ဝင်ရောက်မှု မဟာဗျူဟာများကို မျှဝေပေးခဲ့ပါသည်။


🤝 ပထမနေ့ Workshop သို့ MSME လုပ်ငန်းရှင်များနှင့် Startup လုပ်ငန်းရှင် ၁၀၀ ကျော် တက်ရောက်ခဲ့ကြပြီး စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျမှ အပိတ်အမှာစကား ပြောကြားခဲ့ပါသည်။


🌱 Startup တစ်ခုကို စတင်ခြင်းထက် ပိုအရေးကြီးတာက ရေရှည်တည်တံ့ပြီး တိုးတက်နိုင်တဲ့ လုပ်ငန်းတစ်ခုအဖြစ် တည်ဆောက်နိုင်ခြင်းပါ။


Startup Ignite Program 2026 မှာ လုပ်ငန်းရှင်တစ်ဦးချင်းစီရဲ့ အတွေ့အကြုံ၊ အခက်အခဲနဲ့ အိပ်မက်တွေကို အတူတကွမျှဝေပြီး Learn • Connect • Grow လုပ်နိုင်မယ့် အခွင့်အလမ်းတွေကို ဆက်လက်ဖန်တီးပေးသွားမှာ ဖြစ်ပါတယ်။ 💛



bottom of page