top of page
MYANWEN Logo.png

Rebuild and Rise: Strengthening MSMEs for Long Term Resilience

July 5, 2025

မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် (MYANWEN) ၊ ပြင်သစ် မြန်မာ ကုန်သည်ကြီးများအသင်း (CCI France Myanmar) နှင့် AYA Bank /AYA Pay တို့ ပူးပေါင်းပြုလုပ်သည့် “Rebuild and Rise“ သင်တန်းကို ၂၀၂၅ ဇူလိုင်လ (၅) ရက်နေ့နဲ့ (၆)ရက်နေ့တွင် Institut Français de Birmanie (IFB) Conference Room တွင်းကျင်းပပြုလုပ်ခဲ့ပါတယ်။


အခုလို အချိန်ကာလမှာ အခက်အခဲကို ဘက်ပေါင်းစုံကနေ ရင်ဆိုင်နေရတဲ့ MSME လုပ်ငန်းများ အနေဖြင့် resilience ကောင်းစွာနဲ့ ပြန်လည်တည်ဆောက်ယူရာတွင် အဓိကအုတ်မြစ်ဖြစ်တဲ့ financial management, access to finance, business continuity plan, sustainable business model, digital transformation, marketing အစရှိတဲ့ အကြောင်းအရာများကို မျှဝေခဲ့ရာ သင်တန်းသူ သင်တန်းသား ဦးရေ (၄၀) ကျော် တက်ရောက်ခဲ့ပါတယ်။


ဒါ့အပြင် Rebuild and Rise: Strengthening MSMEs for Long Term Resilience ဆိုတဲ့ခေါင်းစဉ်နဲ့ panel discussion ပြုလုပ်ခဲ့ရာ လုပ်ငန်းရှင်များမှလည်း သိလိုသမျှ အတူတကွ မေးမြန်းဆွေးနွေးခဲ့ပါသည်။


ပထမနေ့တွင် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် (MYANWEN)မှ ဒုတိယ ဥက္ကဌ ဒေါ်စုစုတင်နှင့် ပြင်သစ် မြန်မာကုန်သည်ကြီးများအသင်း (CCI France Myanmar)မှ CEO ဒေါ်တာရာအံ့ကြည် တို့မှ သင်တန်းတက်ရောက်လာသော MSME လုပ်ငန်းရှင်များအား နွေးထွေးစွာ ကြိုဆိုရင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။


(၂) ရက်တာ သင်တန်းတွင် ပါဝင်ဆွေးနွေးပေးခဲ့တဲ့ professional speaker များကတော့

 Understanding Financial Health ခေါင်းစဉ်ဖြင့် Dr. Aye Aye Mar (Founder & Academic Director BIY College)

 Access to Finance ခေါင်းစဉ်ဖြင့်

U Toe Lin Nyunt (Director, Head of Bancassurance, Head of SME Banking - AYA Bank)

U Nyan Min Htet (Vice President, SME Banking - AYA Bank)

 Market Access and Business Opportunities ခေါင်းစဉ်ဖြင့် Daw Cho Thiri Maung (Managing Director - Malikah Power Engineering Ltd)

 Brand Like Beckham ခေါင်းစဉ်ဖြင့် Daw May Thandar Win (Founder and CEO, Makers Matter) နဲ့

 Rebuild and Rise Panel Talk ကိုတော့

 Dr.Aye Aye Mar (Founder & Academic Director - BIY College)

 Mr. Om Ki ( MSME & Entrepreneurship Coordinator- UNDP)

 U Toe Lin Nyunt (Director, Head of Bancassurance, Head of SME Banking - AYA Bank - AYA Bank) တို့နဲ့အတူ Moderator အဖြစ် Daw Win Lae Mya Yee San (Founder and CEO, The Inspiration) တို့မှ Day 1 တွင် ဆွေးနွေး ဝေမျှေပေးခဲ့ပါတယ်။

—————————————

Day - 2 တွင်တော့


 Leveraging Your Digital Presence ခေါင်းစဉ်ဖြင့် Daw Win Lae Mya Yee San (Founder and CEO, The Inspiration)

 Sustainable Practices ခေါင်းစဉ်ဖြင့် U Kaung Wai Phyo (Business and Financial Consultant)

 Business Continuity Plan ဖြင့် Daw Thu Zar Win (Director, Alpha Power Engineering Group) နှင့်

 “Local Voices of Resilience” တွင် နယ်ပယ်အသီးသီးမှ resilience ကောင်းစွာ ဖြတ်သန်းနေကြတဲ့

Ma Pan Ei Ko - Founder & CEO (ဘိလပ်ပြန် ချည်ထည်တိုက်)

Ma Thet Htar Thuzar - Professional Badminton Player

Ma Lwin Mar Mar Aung - Founder & Director (Flawless Myanmar Co., Ltd)

Ma Zin Khine Myint - Founder & Director (Nature Farm Co., Ltd) တို့မှလည်း သူမတို့ရဲ့ professional journey ကို စိတ်ဝင်စားဖွယ်ရာ အားတက်ဖွယ်ရာ တရင်းတနှီးနဲ့ လာရောက် မျှဝေပေးခဲ့ပါတယ်။


သင်တန်း (၂) ရက်တာအပြီးမှာတော့ အပိတ်အမှာစကားအနေဖြင့် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် (MYANWEN) မှ ဥက္ကဌ ဒေါက်တာ စုလှဟန်မှ တက်ရောက်လာကြသော MSME လုပ်ငန်းရှင်များကို ရင်းနှီးစွာ အားပေးစကား နှင့် MYANWEN ၏ လုပ်ငန်းရှင်များအတွက် ရှေ့လျောက်ဆက်လက် လုပ်ဆောင်ပေးသွားမယ့် အစီအစဉ်ကောင်းများကိုလည်း ပြောကြားခဲ့ပါသည်။



bottom of page