top of page
MYANWEN Logo.png

Protect Our Beaches, Preserve Our Future

February 25, 2026

ဖေဖော်ဝါရီ လ (၂၁) ရက် နှင့် (၂၂) ရက် နေ့တို့တွင် ငွေဆောင် ကမ်းခြေ၌ Myanmar Underwater Federation (MUF) နှင့် Myanmar Dive Center (MDC) တို့ ပူးပေါင်းပြီး “Protect Our Beaches, Preserve Our Future” ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သော (၇) ကြိမ်မြောက် Beach Clean-Up & Coral Conservation Awareness အစီအစဉ်တွင် Myanmar Women’s Entrepreneurs Network ( MYANWEN) – Green Earth Committee မှ Cap ဦးထုပ် ၂၀၀ ပံ့ပိုးလှုဒါန်းခဲ့ပြီး တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက် ခဲ့ပါသည်။


Beach Clean-Up & Coral Conservation Awareness ၏ ရည်ရွယ်ချက်မှာ ကဏ္ဍအသီးသီးမှ ကုမ္ပဏီများ၊ မီဒီယာများ၊ စေတနာ့ဝန်ထမ်းများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းများကို စုပေါင်းကာ မြန်မာနိုင်ငံ၏ ပင်လယ်နှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းနိုင်ရန် အသိပညာမြှင့်တင်ခြင်း၊ စုပေါင်းလှုပ်ရှားမှုများနှင့် ရေရှည်ထိန်းသိမ်းရေးဆောင်ရွက်မှုများမှ တစ်ဆင့် ဆောင်ရွက်ရန် ရည်ရွယ်သည့် လှုပ်ရှားမှု ဖြစ်ပြီး ပင်လယ်ညစ်ညမ်းမှု လျှော့ချ၍ သဘာဝရေသတ္တဝါများကို ကာကွယ်ခြင်း၊ သဘာဝမျိုးစုံစုံလင်လင်တည်ရှိမှု၊ ကမ်းခြေကာကွယ်ရေးနှင့် ဒေသခံအသက်မွေးဝမ်းကျောင်းများအတွက် အရေးပါသော Coral သဘာဝစနစ်များကို ထိန်းသိမ်းကာကွယ်ခြင်းတို့ အတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။



bottom of page