မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) မှ ကြီးမှူးကျင်းပပြီး Main Financial Partners အဖြစ် KBZ Bank နှင့် KBZPay ၊ Supporting Partners အဖြစ် City Trust နှင့် Royal D တို့မှ ပါဝင်အားဖြည့်ထားသည့် —
🌸 MYANWEN WOMEN-LED MSMEs FORUM 2026 🌸
(အမျိုးသမီးဦးဆောင်သော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖိုရမ် ၂၀၂၆)
“AI နှင့် စီးပွားရေးအသွင်ကူးပြောင်းမှု”
*********************
ယနေ့ခေတ် စီးပွားရေးလောကတွင် Digital Transformation နှင့် Artificial Intelligence (AI) နည်းပညာများသည် MSMEs များ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ရေးအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာပါသည်။
အထူးသဖြင့် Women-led MSMEs များ၊ Home-based Businesses များနှင့် မိသားစုတာဝန်များကို လုပ်ငန်းတာဝန်များနှင့်အတူ မျှတစွာ ထမ်းဆောင်နေသော Women Entrepreneurs များအတွက် AI နည်းပညာများသည် —
✨ အချိန်နှင့် အရင်းအမြစ်များကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲနိုင်စေရန်
✨ Marketing နှင့် Customer Communication များကို ပိုမိုလွယ်ကူမြန်ဆန်စေရန်
✨ နေ့စဉ်လုပ်ငန်းဆောင်တာများကို Smart & Efficient ဖြစ်စေရန် အထောက်အကူပြုလျက်ရှိပါသည်။
သို့ရာတွင် အမျိုးသမီးလုပ်ငန်းရှင်များစွာအနေဖြင့် နည်းပညာအသစ်များကို လက်တွေ့အသုံးချနိုင်ရန် လို အပ်သော ဗဟုသုတများ၊ လေ့ကျင့်သင်ကြားမှုများနှင့် Networking Opportunities များ ရရှိရန် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်ပါသည်။
ထို့ကြောင့် Women Entrepreneurs များ၏ စွမ်းဆောင်ရည်မြှင့်တင်ရန်၊ Digital Transformation အတွက် လိုအပ်သော အသိပညာများ မျှဝေရန်နှင့် AI နည်းပညာများကို လုပ်ငန်းတွင် လက်တွေ့အသုံးချနိုင်စေရန် ရည်ရွယ်၍ Forum ကို ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။
📌 Forum Highlights
☀️ Morning Session
MSMEs များ၏ ဖွံ့ဖြိုးတိုးတက်မှု၊ AI နှင့် Digital Economy ခေတ်အတွင်း စီးပွားရေးအခွင့်အလမ်းများအကြောင်းကို ဂုဏ်သရေရှိ ဧည့်သည်တော်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များမှ ဆွေးနွေးမျှဝေသွားမည် ဖြစ်ပါသည်။
🌟 Afternoon Session – AI & Business Transformation Workshop
🔹 MSMEs များအတွက် AI အသုံးချနိုင်မည့် နည်းလမ်းများ
🔹 လက်တွေ့အသုံးပြုနိုင်သော Free AI Tools များ
🔹 Digital Marketing & Customer Communication တွင် AI အသုံးချခြင်း
🔹 GenAI ကို လုပ်ငန်းတိုးတက်မှုအတွက် အသုံးချနိုင်သည့် Hands-on Activities
🔹 Women Entrepreneurs များအချင်းချင်း Networking & Experience Sharing
အမျိုးသမီးဦးဆောင် MSMEs များ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန်၊ နည်းပညာခေတ်နှင့်အညီ လုပ်ငန်းများကို အသွင်ကူးပြောင်းနိုင်ရန်နှင့် အနာဂတ်စီးပွားရေးအခွင့်အလမ်းများကို ဖမ်းဆုပ်နိုင်ရန် စိတ်ပါဝင်စားသော Women Entrepreneurs များအား လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
📍 Venue – Jasmine Taunggyi Hotel
🗓 Date – 09 June 2026
⏰ Time – 9:00 AM – 5:00 PM






