မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) ၏ M Tower ရှိ ရုံးသစ်ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် ဘုရားအနေကဇာတင်ခြင်း၊ အန္တရာယ်ကင်း ပရိတ်တရားတော် နာယူခြင်းနှင့် ဒေါက်တာအရှင် မဟောသဓာလင်္ကာရဘိဝံသ အမှူးပြုသော သံဃာတော်အရှင်သူမြတ် (၃) ပါးတို့အား ကာလဒါန ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း မင်္ဂလာအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၃) ရက် (ကြာသပတေးနေ့) တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ဆရာတော်အရှင်သူမြတ်ထံမှ -
“စည်းလုံးညီညွတ်မှု၊ တာဝန်သိမှုနှင့် တာဝန်ယူမှုတို့ဖြင့် လောကီရေးရာ စီးပွားရေးလုပ်ငန်းများ သာမက လောကုတ္တရာရေးရာများတွင်ပါ လိမ္မာယဉ်ကျေး၍ အကျိုးပြုနိုင်သူများ ဖြစ်ကြပါစေ”
ဟူသော မေတ္တာအနုမောဒနာ တရားတော်များကို ဝမ်းမြောက်ကြည်နူးစွာ နာယူမှတ်သားခဲ့ရပါသည်။
MYANWEN မိသားစုတို့၏ ကုသိုလ် အစုစုတို့ကို မိတ်ဆွေများအားလုံး ကုသိုလ်တူမျှ ရရှိကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။














