မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက် - 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐖𝐨𝐦𝐞𝐧 𝐄𝐧𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫𝐬 𝐍𝐞𝐭𝐰𝐨𝐫𝐤 (𝐌𝐘𝐀𝐍𝐖𝐄𝐍) နှင့် မြန်မာနိုင်ငံ အလှကုန်အသင်း 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐨𝐬𝐦𝐞𝐭𝐢𝐜𝐬 𝐀𝐬𝐬𝐨𝐜𝐢𝐚𝐭𝐢𝐨𝐧 (𝐌𝐂𝐀) တို့ ပူးပေါင်းပြုလုပ်သည့် 𝗠𝗬𝗔𝗡𝗪𝗘𝗡 𝗕𝗲𝗮𝘂𝘁𝘆 𝟮𝟬𝟮𝟱 – 𝗧𝗵𝗲 𝗠𝗦𝗠𝗘 𝗦𝗵𝗼𝘄𝗰𝗮𝘀𝗲 ဖွင့်ပွဲအခမ်းအနား
*******************************************
မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက် MYANWEN နှင့် မြန်မာနိုင်ငံ အလှကုန်အသင်း MCA တို့ ပူးပေါင်းပြုလုပ်သည့် 𝗠𝗬𝗔𝗡𝗪𝗘𝗡 𝗕𝗲𝗮𝘂𝘁𝘆 𝟮𝟬𝟮𝟱 – 𝗧𝗵𝗲 𝗠𝗦𝗠𝗘 𝗦𝗵𝗼𝘄𝗰𝗮𝘀𝗲 ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ် အောက်တိုဘာလ (၂၄)ရက်နေ့တွင် ရန်ကုန်မြို့ Lotte Hotel ၌ ကျင်းပခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် တိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီး ဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယ ဥက္ကဌများ၊ အတွင်းရေးမှူးအဖွဲ့ဝင်များနှင့် အလုပ်အမှုဆောင်များ၊ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် MYANWEN နာယကများ၊ အကြံပေးပုဂ္ဂိုလ်များ၊ ဥက္ကဌနှင့် အမှုဆောင် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ အလှကုန်အသင်း MCA မှ ဒုဥက္ကဌများနှင့်အလုပ်အမှူဆောင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် တိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီး ဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးဝန်ကြီး ဦးမျိုးမြင့်အောင်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယ ဥက္ကဌ ဦးရဲမင်းအောင်၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဖြူဖြူဝင်း၊ မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက် MYANWEN ဥက္ကဌ ဒေါက်တာ စုလှဟန်၊ မြန်မာနိုင်ငံ အလှကုန်အသင်း MCA ဒုတိယ ဥက္ကဌ ဒေါ်နီနီအောင်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း မှ အဖွင့်အမှာစကားပြောကြားပြီး မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက် MYANWEN ဥက္ကဌ ဒေါက်တာ စုလှဟန်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယ ဥက္ကဌ ဦးရဲမင်းအောင် တို့မှ အမှာစကားများပြောကြားပီး အမှတ်တရလက်ဆောင်ပေးအပ်ကာ 𝗠𝗬𝗔𝗡𝗪𝗘𝗡 𝗕𝗲𝗮𝘂𝘁𝘆 𝟮𝟬𝟮𝟱 – 𝗧𝗵𝗲 𝗠𝗦𝗠𝗘 𝗦𝗵𝗼𝘄𝗰𝗮𝘀𝗲 တွင် ခင်းကျင်းပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။




















































