မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက် – Myanmar Women Entrepreneurs Network (MYANWEN) ရဲ့ အသင်းဝင်အသစ်များကို ကြိုဆိုတဲ့အနေနဲ့ “MYANWEN Member Day: Stronger Together” ကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂) ရက်နေ့မှာ M Tower (၁၈) လွှာ မှာ ကျင်းပခဲ့ပါတယ်။ 💛
တွေ့ဆုံပွဲမှာ MYANWEN ရဲ့ ဥက္ကဌ Dr. Su Hlan Han နှင့်တကွ စီမံခန့်ခွဲရေးအဖွဲ့ဝင် အစ်မများမှ MYANWEN ရဲ့ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်တွေနဲ့ လက်ရှိဆောင်ရွက်နေတဲ့ အစီအစဉ်တွေကို ရင်းရင်းနှီးနှီး မျှဝေပေးခဲ့ကြပါသည့်အပြင် International Federation of Business and Professional Women (BPW) အကြောင်းနဲ့ MYANWEN ရဲ့ ကော်မတီအသီးသီးမှာ ကိုယ်စိတ်ဝင်စားတဲ့ ကဏ္ဍအလိုက် ပါဝင်ပူးပေါင်းနိုင်မယ့် အခွင့်အလမ်းတွေကိုလည်း မျှဝေပေး ခဲ့ကြပါတယ်။
အသင်းဝင်အသစ် ညီမလေးတွေကလည်း တစ်ဦးချင်းစီ မိတ်ဆက်ရင်း ကိုယ့်လုပ်ငန်းအကြောင်းတွေ၊ ကိုယ့်အတွေ့အကြုံတွေကို မျှဝေကြပြီး တစ်ယောက်နဲ့တစ်ယောက် ပိုမိုရင်းနှီးခွင့်ရခဲ့ကြပါတယ်။ 🤝💛
“Healthy Women, Happy Women” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ Fitness Dance လေးတွေလည်း အတူတူလုပ်ရင်း ရယ်မောပျော်ရွှင်စရာ အချိန်လေးတွေကို ဖြတ်သန်းခဲ့ကြပါတယ်။ 💃✨
ပျော်ရွှင်စရာ Member Day လေးကို ပိုမိုအားအင်ပြည့်စေဖို့ Royal-D နဲ့ WALCO တို့ကလည်း အစ်မညီမတို့ရဲ့ မောပန်းမှုတွေ ပြေပျောက်ပြီး energy ပြန်လည်ဖြည့်တင်းနိုင်အောင် အားဖြည့်ပေးခဲ့ကြပါတယ်။ 💜💚💛🤍✨
မတူညီတဲ့ နောက်ခံတွေ၊ မတူညီတဲ့ လုပ်ငန်းတွေကနေ ရောက်ရှိလာကြပေမယ့် အချင်းချင်း ချိတ်ဆက်ပြီး အားပေးကူညီနိုင်မယ့် MYANWEN အသင်းဝင်အသစ် ညီမတစ်ဦးချင်းစီကို နွေးထွေးစွာ ကြိုဆိုပါတယ်။ 💛
MYANWEN နဲ့အတူ လက်တွဲပြီး ကိုယ့်လုပ်ငန်းတွေ တိုးတက်အောင်၊ တစ်ဦးနဲ့တစ်ဦး အားပေးရင်း ပိုမိုခိုင်မာတဲ့ အမျိုးသမီးစီးပွားရေးအသိုင်းအဝိုင်းကြီးကို အတူတူတည်ဆောက်သွားကြမယ်နော်။ 🤝
Welcome to the MYANWEN Family, Sisters! 💛
Stronger Together, Happier Together!








