မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်-Myanmar Women Entrepreneurs Network (MYANWEN) မှ ဖွင့်လှစ်သည့် MYANWEN Marketplace Shop ဖွင့်ပွဲအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၅)ရက် (စနေနေ့) တွင် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ပါသည်။
အခမ်းအနားတွင် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) ၏ ဥက္ကဋ္ဌ ဒေါက်တာ စုလှဟန်မှ အဖွင့် အမှာစကားပြောကြား၍ မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသ မီးများကွန်ယက် (MYANWEN) ၏ Young Executive Committee ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင် ဒေါ်အိဖြူဖြူထွန်းမှ Myanwen Marketplace ဆိုင်ဖွင့်လှစ်ရခြင်းအား ပြောကြားပါသည်။
ဆက်လက်၍ MYANWEN Marketplace Shop အား
• ဦးအေးဝင်း – ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊
• ဒေါက်တာစုလှဟန် – ဥက္ကဋ္ဌ၊ မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက် (MYANWEN)၊
• ဦးအေးထွန်း – ဒုတိယ ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ဥက္ကဋ္ဌ - မြန်မာနိုင်ငံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီ းပွားရေးလုပ်ငန်းရှင်များအသင်း၊
• ဒေါက်တာဖြူဖြူဝင်း - ညွှန်ကြားရေးမှူးချုပ်၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊
• ဒေါ်မာလာမြင့် - ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး၊ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN)
• ဒေါ်အိဖြူဖြူထွန်း - Young Executive Committee ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်၊ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်
• ဒေါ်ထူးသန့်စင် - ASEAN Business Awards 2024 Skill Development ဆုရှင်၊
မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်၏ အသင်းဝင်၊ Managing Director - Bay Dar & Co တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပါသည်။
MYANWEN Marketplace Shop ဖွင့်ပွဲအား မအားမလပ်သည့် ကြားမှ တက်ရောက်ပေးကြသူများ၊ ပန်းစည်းများ၊ ပန်းခြင်းများ ပို့ပေးကြသည့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ယခုပွဲအားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အဖက်ဖက်မှ ပါဝင်ကြသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် အသင်းအနေဖြင့်လည်း အသင်း၏ ရည်မှန်းချက် ရည်ရွယ်ချက်များကို အောင်မြင်စွာဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။


























































