top of page
MYANWEN Logo.png

MYANWEN Friendship Badminton Tournament 2026 Appreciation Dinner

May 27, 2026

🤝 အထူးကျေးဇူးတင်လွှာ 🤝


Myanmar Women Entrepreneurs Network (MYANWEN) နှင့် Myanmar Badminton Federation (MBF) တို့ ပူးပေါင်းကျင်းပသည့် 🏸 MYANWEN Friendship Badminton Tournament 2026 ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းမှာ တန်ဖိုးထားရသော Sponsors များ၊ Partners များနှင့် အဖက်ဖက်မှ ပါဝင်ကူညီပေးခဲ့ကြသူများ၏ ပံ့ပိုးအားပေးမှုများကြောင့် ဖြစ်ပါသည်။ 💛


ပြိုင်ပွဲတစ်လျှောက် ကစားသမားများ၏ စိတ်အားထက်သန်မှု၊ မိတ်ဆွေချစ်ခင်မှုများနှင့် Team Spirit အပြည့်ရှိသော အငွေ့အသက်များကို ဖန်တီးပေးနိုင်ခဲ့သလို အားကစားကို ချစ်မြတ်နိုးသူများအတွက်လည်း အမှတ်တရကောင်းများစွာ ကျန်ရစ်စေခဲ့ပါသည်။ 🏸✨


ဒီ Tournament သည် သာမန်ယှဉ်ပြိုင်မှုပွဲတစ်ခုသာ မဟုတ်ဘဲ Friendship, Unity နှင့် Sportsmanship တို့ကို ခိုင်မာစေသော Community Event တစ်ခုအဖြစ် အောင်မြင်စွာ ရပ်တည်နိုင်ခဲ့ပါသည်။ 🤝


ထိုသို့ အောင်မြင်မှုရရှိစေရန် ယုံကြည်စွာ လက်တွဲပံ့ပိုးပေးခဲ့ကြသော Sponsors များနှင့် Partners များအားလုံးကို MYANWEN နှင့် MBF မှ အထူးကျေးဇူးတင်ရှိပါကြောင်း လေးစားစွာ မှတ်တမ်းတင်အပ်ပါသည်။ 🙏💛

ရှေ့ဆက်၍လည်း အားကစားမှတစ်ဆင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးပွားလာစေရန် အတူတကွ လက်တွဲဆောင်ရွက်သွားနိုင်မည်ဟု မျှော်လင့်ပါသည်။ 🌟

👉 Smash Your Limits, Play with Passion! 💪



bottom of page