🏸 MYANWEN Friendship Badminton Tournament 2026 - Press Release မှ အမှတ်တရပုံရိပ်များ
မြန်မာအမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များကွန်ရက် (MYANWEN) နှင့် မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ် (MBF) တို့မှ ပူးပေါင်းကျင်းပမည့် “MYANWEN Friendship Badminton Tournament 2026” ပြိုင်ပွဲအတွက် သတင်းစာရှင်းလင်းပွဲကို မေလ (၆) ရက်နေ့၊ M Tower, 9th လွှာတွင်အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါသတင်းစားရှင်းလင်းပွဲကို MYANWEN နှင့် MBF မှ တာဝန်ရှိသူမျာ၊ Sponsor organizations များမှ တာဝန်ရှိသူများ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ နှင့် စာနယ်ဇင်း မီဒီယာများမှ တက်ရောက်ခဲ့ပြီး ဒေါ ်သူဇာဝင်း (Vice President - MYANWEN၊ Chairwoman of Sport Committee, MYANWEN)၊ ဦးမျိုးကျော်သူ (တွဲဖက်ပတွင်းရေးမှူး - မြန်မာနိုင်ငံ ကြက်တောင် အဖွဲ့ချုပ်)၊
မသက်ထားသူဇာ (မြန်မာနိုင်ငံ ကြက်တောင် လက်ရွေးစင် ကစားသမား၊ Brand Ambassador - MYANWEN) တို့မှ ပြိုင်ပွဲ၏ ရည်ရွယ်ချက်များ၊ Tournament Format၊ Categories များ၊ Tournament Classes များနှင့် ပါဝင်ယှဉ်ပြိုင်နိုင်မည့် စည်းမျဉ်းစည်းကမ်းများကို မိတ်ဆက်ရှင်းလင်းပေးခဲ့ပါသည်။
ယခုနှစ်ပြိုင်ပွဲတွင်
🏸 Men’s Doubles
🏸 Women’s Doubles
🏸 Mixed Doubles
ဟူသော Categories များ ပါဝင်မည်ဖြစ်ပြီး၊ Novice Class နှင့် Friendship Class ဟူ၍ ခွဲခြားကျင်းပသ ွားမည်ဖြစ်ပါသည်။
ထို့အပြင် ပြိုင်ပွဲဝင်များအတွက် ဆုကြေးငွေများကိုလည်း အောက်ပါအတိုင်း
Noice Class �🥇 ပထမဆု – 1,500,000 MMK + Medal + Trophy �🥈 ဒုတိယဆု – 1,000,000 MMK + Medal �🥉 ပူးတွဲ တတိယဆု – 500,000 MMK + Medal
Friendship Class�🥇 ပထမဆု – 500,000 MMK + Medal + Trophy �🥈 ဒုတိယဆု – 300,000 MMK + Medal �🥉 ပူးတွဲ တတိယဆု – 100,000 MMK + Medal
အဖြစ် အသီးသီး ပေးအပ်သွားမည်ဖြစ်ပါသည်။
MYANWEN Friendship Badminton Tournament 2026 သည် အားကစားကို အခြေခံကာ စီးပွားရေးအသိုင်းအဝိုင်းများကြား ပိုမိုနီးကပ်သော Relationship များ ဖန်တီးပေးနိုင်မည့် Networking Platform တစ်ခုဖြစ်လာမည်ဟု မျှော်လင့်ပါသည်။
📍 Tournament Date – May 23 & 24, 2026
📍 Venue – MBF Court
📍 Registration Deadline – May 15, 2026
အသေးစိတ်အချက်အလက်များနှင့် Registration Information များကို MYANWEN Official Page နှင့် Website တွင် စဉ်ဆက်မပြတ်ဖော်ပြပေးသွားမည်ဖြစ်ပါသည်။
































