top of page
MYANWEN Logo.png

Myanwen Friendship Badminton Tournament 2026 ဖွင့်ပွဲအခမ်းအနား

May 25, 2026

မြန်မာ စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် Myanmar Women Entrepreneurs Network (MYANWEN) နှင့် မြန်မာနိုင်ငံ ကြက်တောင်အားကစား အဖွဲ့ချုပ် Myanmar Badminton Federation (MBF) တို့ ပူးပေါင်းကျင်းပသော Myanwen Friendship Badminton Tournament 2026 ဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ခုနှစ် မေလ (၂၃) ရက် နံနက် ၉နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ မြန်မာနိုင်ငံ ကြက်တောင်အားကစား အဖွဲ့ချုပ်တွင် ကျင်းပခဲ့ပါတယ်။


အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ဇနီး ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့ ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာ နာယက၊ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအခြေစိုက် သံရုံးများမှ သံတမန်များ၊ နိုင်ငံတကာကုန်သည်စက်မှု အသင်းများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် Union of Myanmar Federation of Chambers of Commerce (UMFCCI) ဥက္ကဌ ဦးအေးဝင်း ၊ ဒုဥက္ကဌ များနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်တောင် အဖွဲ့ ချုပ် Myanmar Badminton Federation (MBF) ဥက္ကဌ နှင့် တာဝန် ရှိသူများ ကုန်သည်စက် မှု အသင်းချုပ် ညီနောင် အသင်းများမှ ဥက္ကဌ နှင့် အလုပ် အမှုဆောင်များ၊ မြန်မာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် (MYANWEN) မှ နာယကများ၊ အကြံပေးပုဂ္ဂိုလ်များ နှင့် အလုပ်အမှုဆောင်များ၊ မိတ်ဖက် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ ၊ ကြက်တောင် အားကစားဝါသနာရှင်များ တက် ရောက် ခဲ့ကြပါသည်။


အခမ်းအနားကို

> ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ

> ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဇနီးဒေါ်နှင်းနှင်းအေး

> မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများ ကွန်ယက် (MYANWEN)) နှင့် Business Professional Women – BPW Myanmar ဥက္ကဌ ဒေါက်တာစုလှဟန်၊

> ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးဗိုလ်ဌေး၊

> မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဌ ဦးအေးဝင်း၊

> ရန်ကုန်တိုင်းဒေသကြီး စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဒေါက်တာမေသန်းနွယ်၊

> မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ် (MBF) ဥက္ကဌ ဦးအောင်ပိုင်၊

> မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် (MYANWEN) ဒုတိယဥက္ကဌ, Chairman of Sport Committee - ဒေါ်သူဇာဝင်းတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။

ယခုကျင်းပပြုလုပ်သည့် MYANWEN Friendship Badminton Tournament 2026 သည် လုပ်ငန်းရှင်များအကြား ခိုင်မာသောပူးပေါင်းဆောင်ရွက်မှုကို ဖော်ပြနိုင်ရုံသာမက သာမန်စီးပွားရေးလှုပ်ရှားမှုများကို ကျော်လွန်၍ လူငယ်ဖွံ့ဖြိုးရေးနှင့် လူမှုအသိုင်းအဝိုင်းအတွက် အထောက်အကူပြုသည့် တန်ဖိုးရှိသောအစီအစဉ်တစ်ရပ်ဖြစ်ပြီး၊ အားကစားယှဉ်ပြိုင်ခြင်းမှတစ်ဆင့် မိတ်ဆွေဖြစ်မှု၊ စည်းကမ်းလိုက်နာမှု၊ အပြန်အလှန်လေးစားမှု၊ ¬စိတ်ဓာတ်ခိုင်မာမှုနှင့် အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှု စသည့် အပြုသဘောဆောင်သောစိတ်ဓာတ်များကို အခြေခံ၍ MYANWEN ၏ “Beyond Business” ဆိုသည့် စိတ်ဓာတ်နှင့် ရပ်တည်ချက်ကို ထင်ဟပ်ဖော်ပြသည့် လှုပ်ရှားမှုတစ်ခုဖြစ်ပါသည်။


ထို့အပြင် ယခုပြိုင်ပွဲမှတစ်ဆင့် လူငယ်များ၊ ကြက်တောင်အားကစားဝါသနာရှင်များ၊ နိုင်ငံတကာနှင့် ပြည်တွင်း စီးပွားရေးအသိုင်းအဝိုင်းများနှင့် သံတမန်အသိုင်းအဝိုင်းများအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာစေရန် ရည်ရွယ် ပြီး ၊ ယခုပြိုင်ပွဲတွင် Friendship Class, Novice Class နှင့် U15 Class များကို ထည့်သွင်းထာပြီး စုစုပေါင်းပြိုင်ပွဲဝင် ဦး‌ရေ ၄၃၆ ဦး (၂၁၈ တွဲ ) ပါဝင် ယှဉ်ပြိုင် ခဲ့ကြပါသည်။


MYANWEN Friendship Badminton Tournament 2026 သည်ကျန်းမာသည့် လူနေမှုစနစ်တစ်ခု ပေါ်ထွန်းလာစေရန် ၊ ယနေ့ပြိုင်ပွဲမှတစ်ဆင့် မိတ်ဆွေအသစ်များ၊ အတွေ့အကြုံကောင်းများ ရရှိပြီး မိမိကိုယ်ကို ယုံကြည်မှုပိုမိုတိုးတက်လာပြီး ၊ နောင်တစ်ချိန်တွင် နိုင်ငံတကာပြိုင်ပွဲများအထိ တက်လှမ်းနိုင်မည့် လူငယ်အားကစားသမားကောင်း များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။



bottom of page