top of page
MYANWEN Logo.png

MYANWEN Friendship Badminton Tournament 2026 (Prize Awarding Ceremony)

May 27, 2026

🏆 MYANWEN Friendship Badminton Tournament 2026

🎉 Prize Awarding Ceremony 🎉

MYANWEN Friendship Badminton Tournament 2026 ၏ ဆုပေးပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ် မေလ (၂၄)ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။ 🏸✨

Tournament တစ်လျှောက် စိတ်အားထက်သန်စွာ ယှဉ်ပြိုင်ပေးခဲ့ကြသော ကစားသမားများ၏ ကြိုးစားမှု၊ Sportsmanship စိတ်ဓာတ် နှင့် Friendship အပြည့်ရှိသော အသင်းအဖွဲ့ စိတ်ဓာတ်များသည် အခမ်းအနားကို ပိုမိုအဓိပ္ပာယ်ပြည့်ဝစေခဲ့ပါသည်။ 💪

ဆုပေးပွဲတွင် Winner များအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးခဲ့ပြီး Tournament တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသူများ၊ လာရောက်အားပေးခဲ့ကြသော မိတ်ဆွေများနှင့် အဖက်ဖက်မှ ကူညီပံ့ပိုးပေးခဲ့ကြသော Sponsors များ၊ Organizing Team များအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။ 🙏

ဒီ Tournament သည် ပြိုင်ဆိုင်မှုတစ်ခုသာမက Friendship ၊ Unity နှင့် Respect တို့ကို ပိုမို ခိုင်မာစေသော အမှတ်တရကောင်းများစွာ ဖန်တီးပေးနိုင်ခဲ့သည့် ပွဲတော်တစ်ခုလည်း ဖြစ်ပါသည်။ 🌟

ဆုရရှိခဲ့ကြသော Winner များအား ထပ်မံဂုဏ်ပြုအပ်ပါကြောင်းနှင့် ပါဝင်ခဲ့ကြသူအားလုံး၏ စိတ်အားထက်သန်မှုများက MYANWEN Family ကို ပိုမိုခိုင်မာစေခဲ့ပါသည်။ ❤️

နောင်လာမည့် Tournament များတွင်လည်း ဒီထက်ပိုမိုကောင်းမွန်သော အမှတ်တရများနှင့်အတူ ပြန်လည်ဆုံတွေ့ကြပါစို့။ 🏸



bottom of page